ငွေချေးသူများ မည်သည့် Ongo ကိုယ်စားလှယ်ရှိရာ နေရာတွင်မဆို Mobile App (သို့) QR ကဒ်ကို အသုံးပြု၍ ချေးငွေများ ပေးချေနိုင်မည်

ငွေချေးသူများ မည်သည့် Ongo ကိုယ်စားလှယ်ရှိရာ နေရာတွင်မဆို Mobile App (သို့) QR ကဒ်ကို အသုံးပြု၍ ချေးငွေများ ပေးချေနိုင်မည် - Property News in Myanmar from iMyanmarHouse.com
4 Mar 2019 11:58 am တွင် တင်ခဲ့သည်
1817 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံမှ လုပ်ငန်းတစ်ခုမှ တစ်ခု (B2B)သို့ ဈေးကွက်ဦးဆောင် ဒစ်ဂျစ်တယ်စနစ်သုံးပေးချေမှု ဝန်ဆောင်မှုဖြစ်သည့် Ongo သည် မြန်မာနိုင်ငံမှ ထိပ်သီး အသေးစားငွေချေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Finance International Limited (MFIL) နှင့် ပူးပေါင်း၍ ဒစ်ဂျစ်တယ်စနစ် အပြည့်အဝအသုံးပြုသည့် ငွေပေးချေမှုစနစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး ငွေချေးငှားသူများကို မည်သည့် Ongo ကိုယ်စားလှယ်ရှိရာ နေရာတွင်မဆို Mobile App (သို့) QR ကဒ်ကို အသုံးပြု၍ ချေးငွေများကို အလျင်အမြန် အလွယ်တကူ ပေးချေစေနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းမှ အသေးစားငွေချေးအဖွဲ့အစည်း အများအပြားတွင် အသုံးပြုလျက်ရှိသည့် အဆိုပါ ဝန်ဆောင်မှုကို (၂၀၁၉)ခုနှစ်၊ ဧပြီလတွင် MFIL ရုံးခွဲအားလုံးနှင့် ငွေချေးငှားသူ အားလုံးထံသို့ရောက်ရှိ အသုံးပြုနိုင်ရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။ “ Ongo ကိုယ်စားလှယ်တစ်ဦးရဲ့ အကူအညီနဲ့ ငွေပေးချေမှုတွေ လုပ်ဆောင်ရတာပိုပြီး အဆင်ပြေလာပါတယ်။ ငွေပေးချေရတာလည်း လွယ်ကူလုံခြုံပြီးတော့ ငွေသားကို လက်ဝယ်ထားရတဲ့ပေါ် ဖြစ်လာမယ့် အန္တရာယ်တွေလည်း လျှော့ချပေးပါတယ် “ ဟု ချေးငွေပေးချေရာတွင် Ongo ကို စိတ်ကျေနပ်စွာ အသုံးပြုလျက်ရှိသည့် ငွေချေးငှားသူတစ်ဦးဖြစ်သော ဦးတင်အောင်ကျော်မှ ဆိုပါသည်။

မြန်မာနိုင်ငံတွင်း၌ ငွေကြေးကိစ္စရပ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် အသေးစား စွန့်ဦးလုပ်ငန်းရှင်များကို အကူအညီပေးနိုင်ရေးအတွက် MFIL ကဲ့သို့သော အသေးစား ငွေချေး အဖွဲ့အစည်းများသည် သမားရိုးကျ ငွေထောက်ပံ့မှုများကို ရယူအသုံးပြုနိုင်ခြင်း မရှိသော သတ်မှတ်ချက်များပြည့်မှီခြင်း မရှိသော လူပုဂ္ဂိုလ်များအတွက် ဘဏ္ဍာရေး အထောက်အပံ့များ ပံ့ပိုးပေးလျက် ရှိပါသည်။

(၂၀၁၄)ခုနှစ်မှစပြီး Myanmar Investment International Limited , Myanmar Finance Company Limited နှင့် Norfund (နော်ဝေအစိုးရ၏ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) တို့မှ ပူးပေါင်းဆောင်ရွက်၍ ရန်ကုန်နှင့် ပဲခူးရှိ ရပ်ရွာများသို့ ချေးငွေများ ထုတ်ပေးလျက်ရှိပြီး မကြာမီအတွင်း မွန်ပြည်နယ်သို့ ဆက်လက်တိုးချဲ့သွားမည် ဖြစ်သည်။

Credit: အကျိုးဆောင်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Pan Swal Taw
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service