အားကောင်းခဲ့သော အငှားဈေးကွက်နှင့် တစ်လတာ အိမ် ခြံ မြေ ဈေးကွက်

အားကောင်းခဲ့သော အငှားဈေးကွက်နှင့် တစ်လတာ အိမ် ခြံ မြေ ဈေးကွက် - Property News in Myanmar from iMyanmarHouse.com
27 Feb 2019 10:29 am တွင် တင်ခဲ့သည်
1576 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၉ ရဲ့ ဖေဖော်ဝါရီကကုန်ဆုံးတော့မှာပါ။ဒီတစ်လတာအတွင်းမှာတော့ အိမ် ခြံ မြေ ဈေးကွက်ဟာ ယခင်လများနည်းတူ အငှားဈေးကွက် အားကောင်းနေခဲ့ပါတယ်။ ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ အငှာေးဈးကွက်ဟာ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဦးဆောင်နေခဲ့ပါတယ်။ယခုလရဲ့ တစ်လတာ ဈေးကွက်အနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Down Town Area

ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ မရှိသလောက်အားနည်းနေခဲ့ပါတယ်။အငှားပိုင်းဈေးကွက်မှာ သင်္ကြန်လွန်ကာလတွေမှာ ပိုမိုအငှားသွက်လာမယ်လို့ အကျိုးဆောင်တွေထံက သိရပါတယ်။

ရန်ကင်း၊ဗဟန်း

ဒီ မြို့နယ်တွေကတော့ မြေနေရာ အတော်များများကျန်ရှိနေသေးတာကြောင့် အရောင်းအဝယ်ဖြစ်မှုရှိနေပါတယ်။အငှား အားကောင်းသလို အရောင်းအဝယ်ပိုင်းမှာလည်း အတန်အသင့်ရှိတယ်လို့သိရပါတယ်။ဝယ်ယူသူအများစုကတော့ မြေနေရာကျယ်ဝန်းတဲ့ လုံးချင်းပုံစံတွေကို အဓိကထားဝယ်ယူကြတယ်လို့ သိရပါတယ်။

ဒဂုံလေးမြို့နယ်

ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်သလို အငှားလည်းအားကောင်းနေပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်တွေအမေးများလာပြီး အငှားပိုင်းမှာတော့ တစ်သိန်း မှ ၁၂ သိန်း ဝန်းကျင်တွေ အလွှာလိုက် အားကောင်းနေတယ်လို့ သိရပါတယ်။ အသင့်နေထိုင်ရုံ လုံးချင်းအိမ်ဈေးကွက်ဟာလည်း သွက်လက်မှုရှိနေပါတယ်။

တောင်ဥက္ကလာမြို့နယ်

တောင်ဥက္ကလာမြို့နယ်ထဲမှာတော့ အိမ် ၊ မြေ အရောင်း အငှားတွေအတော်အသင့်ကောင်းမွန်ခဲ့တယ်လို့သိရပါတယ်။အရောင်းအဝယ်ပိုင်းမှာ သိန်းထောင်ချီမြေကွက်တွေ၊ လမ်းမတန်း နဲ့ ထောင့်ကွက်တွေ အတော်အတန် အမေးများခဲ့သလို အလုပ်ဖြစ်ခဲ့တာတွေလည်း ရှိတယ်လို့သိရပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုပေမယ့် ဈေးနှုန်းကို လျှော့ချရောင်းခဲ့တဲ့ အကွက်တွေပဲဖြစ်ခဲ့တာလို့လည်း တောင်ဥက္ကလာ အခြေစိုက် အကျိုးဆောင်များက ပြောပြပါတယ်

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

imyanmarmarket
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service