ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
သင်္ကြန်အလွန်တွင် အိမ်ခြံမြေဈေးကွက်မှာ လက်ရှိအခြေအနေထက် ပိုမိုသွက်လက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားသည်။
အိမ်ခြံမြေ ဈေးကွက်သည် သင်္ကြန်မတိုင်ခင်ကာလမှစတင်ကာ သွက်လက်လေ့ရှိပြီး ယခုနှစ်တွင်လည်း အရှိန်ယူလာသည်ကိုတွေ့ရကြောင်း အကျိုးဆောင်များက ပြောဆိုသည်။
""အရင်နှစ်တွေတုန်းကတော့ ဒီအချိန်လောက်ဆို အငှားသိသိသာသာဖြစ်ထွန်းတယ်။ဒါပေမယ့် ဒီနှစ်မှာတော့ အရှိန်ယူနေတုန်းဆိုတော့ အရောင်းပိုင်းမှာရော သိပ်မသွက်ဘူး။ဒါပေမယ့် သင်္ကြန်ပြီးပြီဆိုရင် တော့ ပိုသွက်လာတော့မှာပေါ့။"ဟု ဒဂုံလေးမြို့နယ်အတွင်း အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းများလုပ်ကိုင်နေသည့် ဝါရင့် အကျိုးဆောင်တစ်ဦးမှ ပြောပြသည်။
လက်ရှိကာလသည် အိမ် ခြံ မြေ ဈေးကွက်အတွင်း၌ အရောင်းအဝယ်ပိုင်းတွင် အားယူလျက်ရှိနေသော်လည်း အိမ်ခြံမြေ အငှာေးဈးကွက်မှာ အလုပ်ဖြစ်နေကာ အမှန်တကယ်နေထိုင်သူများနှင့် စီးပွားရေးလုပ်ကိုင်လိုသူများ ငှားရမ်းကြကြောင်းသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com