ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်လွှာများ ကို ဖေဖော်ဝါရီပထမပတ်အတွင်း လက်ခံရန်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က လျှောက်လွှာတွေကို အချိန်နီးကပ်မှခေါ်ယူခဲ့လို့  ဆောက်လုပ်ရာမှာ အခက်အခဲရှိခဲ့တာကြောင့် ယခုနှစ်မှာအချိန်ကိုစောစီးစွာ ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဦးသန်းကဆိုပါတယ်။
ယခုနှစ်ရန်ကုန်သင်္ကြန်ကိုပိုမိုစည်ကားစေဖို့ အတွက်မဏ္ဍပ်တွေတည်ဆောက်တာအပြင် လမ်းလျှောက်သင်္ကြန်တွေကိုလည်းတိုးချဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။
မဏ္ဍပ်တွေကို နေရာအလိုက်ခွင့်ပြုပေးရာမှာလည်း ယမန်နှစ်ကပုံစံအတိုင်းခွင့်ပြုသွားမှာလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ယမန်နှစ်က ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ် ခွင့်မပြုခဲ့ဘဲ အခြားလမ်းများ၌ ဆောက်လုပ်ခွင့် စိစစ်ခွင့်ပြုခဲ့ သည်။
ထိုစဉ်က ကုမ္ပဏီမဏ္ဍပ်ကြီး ၉၀ ကျော် ခွင့်ပြုမည်ဟု ကြေညာခဲ့သော်လည်း နောက်ဆုံးတွင် ဆောက်လုပ်ခဲ့သည့် မဏ္ဍပ် ၃၀ ကျော်သာ ရှိသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com