ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြို့သစ်မြို့နယ်များဖြစ်သည့် ဒဂုံလေးမြို့နယ်အတွင်း ပါမစ်မြေများ ဈေးကွက်အတွင်း အရောင်းအ၀ယ်လိုက်လာကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူကပြောဆိုသည်။
"" ဒဂုံလေးမြို့နယ်ဖြစ်တဲ့ အရှေ့ဒဂုံ ၊ ဒဂုံဆိပ်ကမ်း ၊ ဒဂုံမြို့သစ် တောင်ပိုင်း ၊ဒဂုံမြို့သစ် မြောက်ပိုင်း တွေမှာ အရောင်းအ၀ယ်တွေ ပြန်စလာတယ်။အဓိက အရောင်းအ၀ယ်ဖြစ်တာတွေကတော့ ပါမစ်မြေတွေများတယ်။ဈေးတန်း အနေအထားကတော့ အရမ်းအမြင်ပိုင်းတော့မဟုတ်ဘူးပေါ့။သူ့ဟာလေးနဲ့သူကတော့ သွားနေတာပါပဲ။""ဟု ဒဂုံလေးမြို့နယ်အခြေစိုက်အကျိုးဆောင်က ပြောပြသည်။
ပါမစ်မြေများ အရောင်းအ၀ယ်ပြန်လိုက်လာခြင်းသည် ဈေးကွက်အစပြုသည့်သဘောဖြစ်ပြီး ယခုကဲ့သို့ အစကောင်းလာပါက အိမ် ခြံ မြေ ဈေးကွက်မှာ ပြန်လည် သွက်လက်မြန်ဆန်လာမည်ဟု ယူဆရကြောင်း ၊ အခွန်စနစ်အပြောင်းအလဲသည် အိမ် ခြံ မြေ ဈေးကွက်အပေါ် မည်မျှအထောက်အကူပြုမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း ၎င်းမှဆက်လက်ပြောဆိုသည်။
လက်ရှိ ဒဂုံလေးမြို့နယ်အနက် ဒဂုံမြို့သစ်မြောက်ပိုင်း မှာ အရောင်းအ၀ယ်အသွက်ဆုံးဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com