ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်ထွန်းမှုများ အတန်ငယ်အစပြုသည့်အချိန်တွင် နေပြည်တော်၏အိမ်ခြံမြေဈေးကွက်သည်လည်း အနည်းငယ်အရောင်းအ၀ယ်သွက်ကာ အလုပ်ဖြစ်လျက်ရှိကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေ အကျိုးတော်ဆောင်များကပြောသည်။
" အရောင်းအဝယ်ကတော့ သူ့ဟာနဲ့သူရှိပါတယ်။ပြောရရင် လုံးဝအေးစက်နေတဲ့ကာလနဲ့ပြန်နှိုင်းရင်တော့ လှုပ်လာတယ် အလုပ်ဖြစ်လာတယ်လို့ပြောရမှာပေါ့။အရမ်းကြီးကောင်းနေတာမျိုးလားဆိုတော့လည်း မဟုတ်ပါဘူး။လောလောဆယ်မှာတော့ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ပျဉ်းမနား၊သပြေကုန်း တို့ဘက်တွေမှာ ဖြစ်ကြတယ် "ဟု နေပြည်တော်အခြေစိုက် အကျိုးတော်ဆောင်လုပ်ငန်းလုပ်ကိုင်သူက ပြောသည်။
အိမ်ခြံမြေအငှားဈေးကွက်အခြေအနေမှာလည်း အလားအလာကောင်းနေပြီး ပုဗ္ဗသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား၊ သပြေကုန်း အစရှိသည့်မြို့နယ်များတွင် အလုပ်ဖြစ်လျက်ရှိသည်။
အရောင်းအ၀ယ်အဖြစ်များသော နှုန်းထားများမှာ သိန်း တစ်ရာဝန်းကျင်မှ သိန်းတစ်ထောင်ကြား အကွက်များအဖြစ်များလျက်ရှိသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com