ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်းအတွက် တိုင်း အစိုးရက ကုမ္ပဏီလေးခုကိုမြေရောင်းချထားမှုမှာကုမ္ပဏီ (၂) ခုက ငွေကျပ်သန်းလေးထောင်ကျော်ပေးသွင်းဖို့ကျန်နေသေးတယ်လို့ သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက အဲဒီ့ကုမ္ပဏီတွေကနိုင်ငံတော်ကိုပေးသွင်းဖို့ကျန်ရှိတဲ့ ကြွေးကျန်အခြေအနေနဲ့ပတ်သက်လို့မေးခွန်းမေးခဲ့တာပါ။
ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်းအတွက် တစ်ဧကကို ၂၂၅ သန်းနှုန်းနဲ့ ငါးဆယ့်သုံးဧကကျော်ကို ရန်ကုန်တိုင်းအစိုးရက ကုမ္ပဏီလေးခုကိုရောင်းချခဲ့တာဖြစ်ပါတယ်။
အဲဒီ့ကုမ္ပဏီတွေထဲမှာ Original Group ကုမ္ပဏီနဲ့ရွှေတောင်ကုမ္ပဏီတို့က ငွေအကြေပေးသွင်ပြီးပေမယ့် Dagon International ကုမ္ပဏီက ငွေကျပ်သန်းရှစ်ရာကျော်၊ Naing Group ကုမ္ပဏီက ငွေကျပ်သန်းသုံးထောင့်ရှစ်ရာကျော်ပေးသွင်းဖို့ကျန်သေးတယ်လို့ ဝန်ကြီးဒေါ်နီလာကျော်က ဖြေကြားခဲ့ပါတယ်။
အဲဒီ့ကိစ္စကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပြီး နိုင်ငံတော်ရဲ့ရပိုင်ခွင့်ငွေတွေ မရဘဲနစ်နာနေတယ်လို့လည်း ဒေါ်ကြည်ပြာကပြောပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com