အစိုးရမြေ၌ဆောက်ပြီးမြေဖိုးမပေါင်းဘဲရောင်းပါက သင့်တင့်နှုန်းဖြင့်တန်ဖိုးနည်းအိမ်ရာပိုင်မည်

အစိုးရမြေ၌ဆောက်ပြီးမြေဖိုးမပေါင်းဘဲရောင်းပါက သင့်တင့်နှုန်းဖြင့်တန်ဖိုးနည်းအိမ်ရာပိုင်မည် - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 12:54 pm တွင် တင်ခဲ့သည်
4238 ကြိမ် ကြည့်ရှု့ပြီး

တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရာတွင် အစိုးရမှမြေထည့်ဝင်ပြီး အဆိုပါ အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်ကာ မြေတန်ဖိုးမပေါင်းဘဲ ရောင်းချပါက ပြည်သူများသင့်တင့်သည့်နှုန်းထားဖြင့် အိမ်ရာပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး YMD ( Yangon Metropolitan Development Public ) ၏အိမ်အရောင်းပြခန်းဖွင့်ပွဲ (Yangon City Gallery)အ ခမ်းအနားတွင် ၄င်းကအထက်ပါအတိုင်းပြောဆိုခဲ့သည်။

“ အိမ်ဆောက်ပစ္စည်းတွေအားလုံး ကျွန်တော်တို့ဆီမှာ ဈေးကြီးပါတယ်။ ဒါကြောင့် အိမ်ဆောက်စရိတ်ကို သက်သာအောင်လုပ်မယ်ဆိုရင် အခန်းရဲ့အိမ်ဆောက်ကုန်ကျစရိတ် သက်သာသွားနိုင်ပါတယ်။ ဒီနေရာမှာ မြေကို အစိုးရကထည့်ဝင်ပြီး တန်ဖိုးနည်းအိမ်ရာတွေရဲ့မြေဟာ အစိုးရပိုင်မြေပဲ။ ဒီမြေပေါ်မှာနေတဲ့ နေထိုင်သူတွေကို မြေတန်ဖိုးမပေါင်းဘဲနဲ့ ရောင်းပေးမယ်ဆိုရင် သင့်တင့်နှုန်းထားတစ်ခုနဲ့ ရသွားနိုင်ပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောသည်။

အိမ်ရာများဆောင်ရွက်ရာတွင် အစိုးရမှ ADP ဖြင့်ဆောင်ရွက်ခြင်းအပြင် ပုဂ္ဂလိကကဏ္ဍမှ ထုတ်လုပ်ရောင်းချမည့် အိမ်ရာများလည်းရှိနိုင်ကြောင်း ယင်းကဏ္ဍနှစ်ရပ်လုံးကို ပေါင်းစပ်ညှိနှိုင်းပြီး ရန်ကုန်မြို့အတွက် အိမ်ရာအခက်အခဲဖြစ်နေသူများအားလုံးကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ကျွန်တော်တို့မြို့မှာ နေထိုင်သူတွေဟာ ကျောခင်းစရာ၊ နေစရာတစ်ခုတော့ ရှိဖို့တော့လိုအပ်ပါတယ်။ လူမှုဘဝမှာ စားဝတ်၊နေထိုင်ရေးမှာ နေထိုင်ရေးဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ အခြေခံပြည်သူတွေရဲ့ဘဝကို ကျွန်တော်တို့ စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒီဖြည့်တင်းပေးမှုမှာ နေရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာ Yangon City Gallery ကတော့ ဒီကဏ္ဍတွေကို ဆောင်ရွက်ဖို့အတွက် စတင်လိုက်ပြီဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

''ဒီလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်ကနေ ပုဂ္ဂလိကနဲ့ ပူးပေါင်းထားတဲ့ Yangon Metropolitan Development Company ရယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ် ပူးပေါင်း ပြီး ဒီနေရာမှာ အများပြည်သူရဲ့ နေရေးအခက်အခဲဖြစ်နေမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ၄င်းကပြောသည်။

အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများကို အစိုးရ ပုဂ္ဂလိကကဏ္ဍ ဘဏ်များ၊ အာမခံကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် နေထိုင်ရေးအခက်အခဲရှိသူများအားလုံးတို့က စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြပါက မျှော်မှန်းချက်ပန်းတိုင်ကိုရောက်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service