ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
Market Operator စနစ်ဖြင့် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် လှိုင်မြို့နယ်မှ လှိုင်ရတနာဈေး ပါဝင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ရန်ကုန်တိုင်းလွှတ်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက် လှိုင်ရတနာ ဈေးအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်တွင် ရှိသော ဈေးများကို ခေတ်မီ အဆင့်မြင့်ဈေးများ ဖြစ်လာစေရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ PPP (Public Private Partnership) (သို့မဟုတ်) BOT စနစ် တို့ဖြင့် တည်ဆောက်ပြီး Market Operator စနစ်ဖြင့် အကောင်အထည် ဖော်ရန် စီမံဆောင်ရွက် လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် လှိုင်မြို့နယ်မှ လှိုင်ရတနာဈေး ပါဝင်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com