မုံရွာခရီးသည်တင်ကားကြီးကွင်းသစ်တွင် ကားဂိတ်နှင့် ဈေးဆိုင်ခန်းနေရာများ စတင်ရောင်းချ

မုံရွာခရီးသည်တင်ကားကြီးကွင်းသစ်တွင် ကားဂိတ်နှင့် ဈေးဆိုင်ခန်းနေရာများ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 12:34 pm တွင် တင်ခဲ့သည်
1567 ကြိမ် ကြည့်ရှု့ပြီး

မုံရွာမြို့နတ်လူထိပ်ပန်ရပ်ကွက်အဝေးပြေးခရီးသည်တင် ကားကြီးကွင်းကားဂိတ်နှင့် ဈေးဆိုင်ခန်းနေရာများကို ယခုလ ၂၁ ရက်က စတင်ရောင်းချနေ ကြောင်း မုံရွာမြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော် မျိုးဝင်းကပြောသည်။

မုံရွာမြို့ခရီးသည်တင်ကား လေးကွင်းတွင် အဝေးပြေး Express ယာဉ်ကြီးများရပ်နားရာ ၌ နေရာကျပ်တည်းမှုအခက်အခဲ ကို ဖြေရှင်းနိုင်ရန်အဝေးပြေးခရီးသည်တင်ကားကြီးကွင်းကို လွန်ခဲ့ သည့် တစ်နှစ်ခန့်ကစတင်တည် ဆောက်ခဲ့သည်။

‘‘လက်ရှိ ကားလေးကွင်းထဲ မှာ Express ကားကြီးနှစ်စီး၊ သုံးစီးလောက်ရပ်လိုက်တာနဲ့ နေရာ ကျပ်သွားပြီ။ ဒါကြောင့်ကားကြီး ကွင်းကို ပြောင်းဖို့စီစဉ်တာပါ။ ကားဂိတ်နဲ့ဈေးဆိုင်ခန်းတွေကို ဒီ နေ့စရောင်းတာလာမယ့်စက်တင် ဘာထဲငွေအပြီးပေးသွင်းရမယ်။ ဒီနှစ်အတွင်းတော့ အပြီးရွှေ့ဖြစ်မယ်’’ ဟု ဦးကျော်မျိုးဝင်းကပြော သည်။ ကားကြီးကွင်းတွင် ကားဂိတ်၊ ဈေးဆိုင်ခန်း၊ ကားဝပ်ရှော့၊ အများသုံးသန့်စင်ခန်းများ ပါဝင် ပြီး လက်ရှိရောင်းချသော ကား ဂိတ်ခန်းနှင့် ဈေးဆိုင်ခန်းနေရာ များကို ငွေအကျေပေးချေသော စနစ်နှင့် အရစ်ကျသုံးရစ်ပေးချေ သောစနစ်တို့ဖြင့် ဦးရာလူစနစ် ရောင်းချခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

‘‘သူတို့က ကားဂိတ်တစ်ခန်း ကို သိန်း ၈၀၀ ဆိုတော့ဝယ်မယ့် ကားသမားဂိတ်ပိုင်တွေက မ၀ယ် နိုင်ဘူးဖြစ်နေတာ။ မနေ့ကသူတို့ နဲ့ထိပ်တိုက်မေးကြည့်တော့ သိန်း ၈၀၀ ထက်လည်းလျှော့လို့မရဘူး တဲ့။ တိုင်းဒေသကြီးက ဆုံးဖြတ် ချက်ချပြီးသားဆိုတော့ ဘာမှညှိ မရလို့ ဒီအတိုင်းပြန်လာခဲ့ရတယ်’’ ဟု မုံရွာ - ရန်ကုန်အောင်ရတနာ အဆင့်မြင့်ခရီးသည်တင်ယာဉ် လိုင်းမှ ဦးစိုးသန်းကပြောသည်။

လက်ရှိကားလေးကွင်းအ တွင်းကားဂိတ်ခန်းများလည်းဝယ် ယူခဲ့ရပြီးနောက်ထပ်အသစ်ဖွင့် မည့် ကားဂိတ်ခန်းအတွက်အရစ် ကျသုံးရစ်ဖြင့်တစ်နှစ်အတွင်း ကျပ်သိန်း ၈၀၀ ပေးသွင်းစေခြင်း သည် ကားဂိတ်ယာဉ်လိုင်းများ ကို ၀န်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် နှစ်ရှည် အရစ်ကျစနစ်ဖြင့်ရောင်း ချပေးသင့်ကြောင်းဦးစိုးသန်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service