ပြည်ခရိုင်တွင် လယ်ယာမြေမဟုတ်ကြောင်း လက်မှတ်အတုများ ရှိနေ၍ မြေစာရင်းဌာန၌ စစ်ဆေးသင့်

ပြည်ခရိုင်တွင် လယ်ယာမြေမဟုတ်ကြောင်း လက်မှတ်အတုများ ရှိနေ၍ မြေစာရင်းဌာန၌ စစ်ဆေးသင့် - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 11:29 am တွင် တင်ခဲ့သည်
1015 ကြိမ် ကြည့်ရှု့ပြီး

ပြည်ခရိုင်တွင် လယ်ယာ မြေမဟုတ်ကြောင်း ၀န်ခံချက် (၃-ခ)လက်မှတ်အတုများရှိနေ သဖြင့် လက်ဝယ်ရှိသူများအတု၊ အစစ်သိရှိရန် မြေစာရင်းဌာန၌ စစ်ဆေးသင့်ကြောင်း ပြည်မြို့ နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက ပြောသည်။

လယ်ယာမြေ မဟုတ် ကြောင်း(၃-ခ)လက်မှတ်သည် မြေစာရင်းဌာနက ထုတ်ပေးခြင်း ဖြစ်ပြီး စိုက်ပျိုးမြေနှင့်ရွာမြေကို လယ်ယာမြေမဟုတ်ကြောင်း ၀န်ခံချက်လက်မှတ်ဖြစ်ကာ အဆိုပါ လက်မှတ်ရှိလျှင် ဘဏ်၌ငွေချေး နိုင်ပြီး မြေပေါ်တွင်အဆောက်အ အုံဆောက်လုပ်ခွင့်နှင့် လုပ်ငန်း လုပ်ခွင့် ဆောင်ရွက်နိုင်သည်။

မြေစာရင်းဌာနက ၂၀၀၇ကစတင်ကာ အဆိုပါလက်မှတ်များ ထုတ်ပေးမှု ရပ်နားခဲ့သော်လည်း နောက်ပိုင်းတွင် ထုတ်ပေးသည့်ရက်စွဲများကို ၂၀၀၇ မတိုင်မီက ထုတ်ပေးသည့် ပုံစံနှင့်ပြုလုပ်ထားမှုများကို စစ်ဆေးတွေ့ရှိကြောင်း ဦးကျော် ဇေယျက ဆိုသည်။

‘‘ပြည်ခရိုင်အတွင်းမှာ ၃-ခ လက်မှတ်အတု သုံးရာကျော် လောက်ရှိတယ်။ စိုက်ပျိုးမြေလို့ သံသယရှိတဲ့မြေနေရာမှာ (၃-ခ) လက်မှတ်ရရှိနေရင် မြေစာရင်းဌာနက အတု၊ အစစ်တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဥပဒေအရ အတုကို လက်ဝယ်ထားရှိရင် အ ရေးယူခံရနိုင်ပါတယ်။ အတုဖြစ် နေတာ သိခဲ့ရင်လည်း မိမိကို (၃-ခ)လက်မှတ်ရအောင်အကျိုး ဆောင်ပေးသူတွေကို တိုင်ကြားဖို့ လိုပါတယ် ’’ ဟု ၎င်းကဆိုသည်။

ပြည်ခရိုင်တွင် လယ်ယာမြေ မဟုတ်ကြောင်း ၀န်ခံချက်လက် မှတ်အတုများရှိနေခြင်းနှင့်ပတ် သက်ပြီး ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့်ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး၌ အစိုးရအဖွဲ့က စစ်ဆေးအရေးယူမည့်အစီအစဉ်ကို ဦးကျော်ဇေယျက မေးမြန်းခဲ့သည်။

ယင်းအတုများနှင့်ပတ်သက် ပြီး ဌာနတွင်း ပါဝင်ပတ်သက်နေ သူများရှိလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ပြင်ပပုဂ္ဂလိကတစ် ဦးဖြစ်စေ၊ အဖွဲ့အစည်းမှဖြစ်စေ ပါဝင်ပတ်သက်သူများကို စာ ရွက်စာတမ်းအတုပြုလုပ်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ၀န်ကြီးဦးအောင်ဇော်နိုင်က ဖြေကြားသည်။

ထို့အပြင် ကိုယ်ကျိုးရှာသူ တစ်စုက လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနက တရားဝင်ထုတ်ပေးထားခြင်းမရှိ ဘဲ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကထုတ်ပေး ထားသကဲ့သို့ ထင်ယောင်ထင်မှား ပြုလုပ်၍ဆောင်ရွက်နေသည်ဟု သိရကြောင်း ဦးအောင်ဇော်နိုင် က ဖြေကြားသည်။

လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနက ရုံးသို့ တင်ပြသည့်လယ်ယာမြေမဟုတ် ကြောင်း ၀န်ခံချက်လက်မှတ်များ ကို ရုံးရှိဦးပိုင် မှတ်ပုံစာရင်း (၁-က)များဖြင့် တိုက်ဆိုင်စစ် ဆေးခြင်း၊ ၂၀၀၇ က မှတ်တမ်း တင်ထားသည့်ထွက်စာမှတ်ပုံ တင်စာအုပ်ဖြင့် တိုက်ဆိုင်စစ် ဆေးနေပြီး ယခုအချိန်ထိ သံသ ယဖြစ်ဖွယ် လက်မှတ်ကိုးစောင် ရှိနေ၍ ဥပဒေအကြံပေးရယူကာ အရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း ၀န်ကြီးကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

Pan Swal Taw
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service