ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာ့ရွှေဈေး ၁၃၄၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၈၉၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်တက်ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ၁၃၄၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၁၀၈၉၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ လဆန်းနောက်ပိုင်း အနိမ့်ဆုံး ဈေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။
ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေဈေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီလတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၀၆၃၅၀၀၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျပ် ၁၀၇၇၅၀၀၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၉၀၀၀ အထိ စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ် နေခြင်းဖြစ်သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ၂၀၁၈ ခုနှစ် သြဂုတ်တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂ -၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၁၉၈ -၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၆၀ ဝန်းကျင်အထိ ရှိခဲ့သည်။
Credit: Eleven Medai Group