ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အေဒီလမ်းဆုံနှင့် ဟံသာဝတီအ၀ိုင်းအပါအ၀င် ဧရိယာငါးခုတွင် ယာဉ်ကြောကျပ် တည်းမှုဖြေလျှော့ရန် ဂျပန်အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA)ချေးငွေ ဖြင့် အဆင့်မြှင့်တင်မည်ဟု ရန် ကုန်တိုင်းစည်ပင်သာယာရေးဝန် ကြီးဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ အေဒီလမ်းဆုံနှင့် ဟံသာဝတီအ ၀ိုင်းတွင် ကားလမ်းခုံးကျော်တံ တားများတည်ဆောက်ရန် အစီ အစဉ် ရှိ၊ မရှိ ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇင် မင်းထွေးက ဖေဖော်ဝါရီ ၂၀ ရက် တွင် မေးမြန်းရာ ၀န်ကြီးဦးမောင် မောင်စိုးက ပြန်လည်ဖြေကြား ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအ စိုးရအနေဖြင့် အေဒီလမ်းဆုံနှင့် ဟံသာဝတီအ၀ိုင်းတွင် ကားလမ်းခုံးကျော်တံတားများတည်ဆောက်ရန် အစီအစဉ်မရှိသော် လည်း အခြားနည်းလမ်းများဖြင့် အဆင့်မြှင့်တင်၍ ယာဉ်ကြော ကျပ်တည်းမှုဖြေလျှော့ရန် စီစဉ် ထားသည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။
တိုင်းအစိုးရက ဆောင်ရွက် မည့်ဧရိယာငါးခုမှာ အဓိကလမ်း များဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ်းနားလမ်း၊ ရန်ကုန်-ပုသိမ်လမ်းနှင့် အထက် ပုဇွန်တောင်လမ်းတို့ဖြစ်သည်။
‘‘လမ်းရဲ့သွားလာမှု ပိုအ ဆင်ပြေအောင် လမ်းလယ်ကျွန်း တွေကို ပြင်နေတယ်။ လမ်းဘေး အမှတ်အသားတွေပြန်ဆွဲနေပါ တယ်။ အရောင်မထင်ဘဲ မှိန်နေ လို့ လမ်းစည်းကမ်းလိုက်နာဖို့ဆို တာ ဒီပေါ်မှာ မူတည်သွားမှာမို့။ နောက်တစ်ခုက မီးပွိုင့်အချက်ပြ စနစ်ကို ပြန်ပြီးဆန်းစစ်ရပါလိမ့် မယ်’’ ဟု ၎င်းကပြောသည်။
ယင်းလမ်းများတွင် ယာဉ်ကြောကျပ်တည်းမှုလျော့နည်း အောင် ဆောင်ရွက်မည့်လုပ်ငန်း များအတွက် JICA ချေးငွေဖြင့် လုပ်ဆောင်မည်ဆိုသော်လည်း မည်သည့်ငွေပမာဏနှင့် မည်ကဲ့ သို့ပြုလုပ်မည်ကို ဦးမောင်မောင် စိုးက အသေးစိတ်ပြောကြားခြင်း မရှိပေ။
Credit: 7Daydaily