ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြည်တွင်းရွှေဈေးမြင့် တက်လာသော်လည်း ငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ကျဆင်းပြီး ကျပ်ငွေတန်ဖိုးတက် လာသည်။
ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သား ကျပ်ဆယ်သိန်းခုနစ်သောင်းငါးထောင်သို့ ရောက်လာ သော်လည်း ဒေါ်လာတန်ဖိုးက ၁,၅၁၅ ကျပ်ခန့် ဈေးရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း က ဖေဖော်ဝါရီ ၁၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁,၅၃၀ ဈေးရှိ သည်။ ဖေဖော်ဝါရီအတွင်း ပြည် တွင်း ငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် ကျပ် ၁,၅၁၀ မှ ၁,၅၂၀ ကြားတွင် အပြောင်းအ လဲအနည်းငယ်သာရှိသည်။ ပြည် တွင်းငွေကြေးဈေးကွက်တွင် ဒေါ် လာတန်ဖိုးက ဒီဇင်ဘာအတွင်း တစ်ဒေါ်လာ ကျပ် ၁,၅၄၀ ခန့်ရှိခဲ့သည်။
တရုတ်နှစ်သစ်ကူးကာလ ပြည်ပငွေလွှဲပေးပို့မှု လျော့နည်း ခြင်းကြောင့် ဈေးကျခြင်းဖြစ်နိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။ မြန်မာနိုင်ငံ ၏ နိုင်ငံခြားသို့ ပို့ကုန်တင်ပို့မှုများ ပြီး နိုင်ငံခြားဝင်ငွေ များခြင်းက လည်း ဒေါ်လာတန်ဖိုးကျဆင်းပြီး ကျပ်ငွေတန်ဖိုး မြင့်တက်စေသည် ဟု ၎င်းတို့က ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ၁,၃၂၂ ဒေါ်လာသို့ မြင့်တက်လာခြင်းက နိုင်ငံ တကာ ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး လျော့ကျစေသည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးက ဖေဖော်ဝါရီလဆန်းတွင် တစ် အောင်စလျှင် ၁,၅၁၃ ဒေါ်လာခန့်ဈေးရှိခဲ့သည်။ ပြည်တွင်းဈေး ကွက်တွင် ကျပ်ငွေတန်ဖိုး ထပ်မံ မြင့်တက်လာနိုင်သည်ဟု ၎င်းတို့ က ခန့်မှန်းသည်။
Credit: 7Daydaily