ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဆန်ဖရန်စစ္စကိုက တည်ထောင်စလုပ်ငန်းငယ်များနှင့် နည်းပညာကုမ္ပဏီများအတွက် ကမ္ဘာ့အကောင်းဆုံးမြို့နေရာအား လက်လွတ်လိုက်ရစဉ် အာရှတွင် စင်္ကာပူက နံပါတ် (၁) နေရာသို့ တက်လှမ်းခဲ့ပြီဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးနည်းပညာမြို့အဖြစ် ဆန်ဖရန်စစ္စကိုအား နယူးယောက်က ကျော်တက်နိုင်ခဲ့စဉ် စင်္ကာပူက အာရှအား လွှမ်းမိုးခဲ့ကြောင်း Savills ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ၏ ညွှန်းကိန်းစာရင်းသစ်တစ်ရပ်အရ သိရသည်။
ကမ္ဘာ့စီးပွားရေးဗဟိုဌာနတစ်ခုအဖြစ် ကျော်ကြားသည့် နယူးယောက်က ကမ္ဘာ့မြို့ကြီး ၃၀ အားလေ့လာဆန်းစစ်၍ ထုတ်ပြန်ထားသော ယခု ၂၀၁၉ ခုနှစ်၏ "Savills နည်းပညာမြို့များညွှန်းကိန်းစာရင်း" တွင် ဆန်ဖရန်စစ္စကိုထံမှ နံပါတ် (၁) နေရာကို သိမ်းပိုက်ခဲ့သည်။
စင်္ကာပူက ကမ္ဘာတစ်ဝန်းတွင် နံပါတ် (၅) နေရာရရှိခဲ့သည့် ဘော်စတွန်နှင့် နံပါတ် (၇) လော့စ်အိန်ဂျလိစ်တို့အကြား နံပါတ် (၆) နေရာကို ရရှိခဲ့သည်။ စင်္ကာပူသည်
ယခုနှစ်စာရင်းတွင် တရုတ်ပြည်မကြီးမှ မြို့များက နံပါတ် ၂၀ အထက်သို့ အဆင့်များလျင်မြန်စွာမြင့်တက်လာကြပြီး တိုကျိုက အဆင့် (၁၃) ၌ ရပ်တည်ခဲ့သည်။
ယခု ၂၀၁၉ ခုနှစ် Savills နည်းပညာမြို့စာရင်း၏ ထိပ်ဆုံး (၁၀) မြို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ နယူးယောက်
၂။ ဆန်ဖရန်စစ္စကို
၃။ လန်ဒန်
၎။ အမ်စတာဒမ်
၅။ ဘော်စတွန်
၆။ စင်္ကာပူ
၇။ လော့စ်အိန်ဂျလိစ်
၈။ အော်စတင်
၉။ စတော့ခ်ဟုမ်း
၁၀။ ကိုပင်ဟေဂင်
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com