ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို

ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Feb 2019 12:29 pm တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး

အကောင်အထည်ဖော် မည့် ရန်ကုန်မြို့အတွင်းနှင့်အပြင် မြို့ပတ်လမ်းစီမံကိန်း အစိတ်အပိုင်းအချို့အတွက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှုရန်ပုံငွေမှ ချေးငွေရယူရန်ရှိကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက ပြောသည်။

အဆိုပါ မြို့ပတ်လမ်းများကို ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပေါ်ပေါက်လာရေး ရည်ရွယ်၍ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။

ချေးငွေပမာဏနှင့် ချေးငွေ ယူမည့်လမ်းပိုင်းကို ဒုဝန်ကြီးက ထုတ်ပြန်ပြောကြားခြင်း မရှိဘဲ ထိုလမ်းများသည် သယ်ယူပို့ဆောင်ရေး အချိန်ကာလနှင့် စရိတ်လျှော့ချနိုင်ရေး၊ ယာဉ်အသုံးပြုကုန်ကျစရိတ် လျှော့ချရေးတို့ဖြစ်သည်ဟု ဦးကျော်လင်းက ပြောသည်။

ရန်ကုန်မြို့ပတ်လမ်းအဖြစ် အစိုးရက ရန်ကုန်မိုးပျံအမြန်လမ်း အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း တစ်ခုလုံးတွင် ရန်ကုန်မြို့တွင်း ပတ်လမ်းသည် စုစုပေါင်း ၅၄ ကီလိုမီတာနှင့် မြို့ပြင်ပတ်လမ်း သည် ၁၂၄ ကီလိုမီတာ ဖြစ်သည်။

မြို့တွင်းပတ်လမ်းအတွင်း လမ်းကို အပိုင်း(က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းထပ်မံခွဲထားပြီး ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိ ပတ်လမ်းဖြစ်သည်။ အပိုင်း(က)တွင် ရန်ကုန်မြို့တွင်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိအပြင် ရန်ကုန်၊ မန္တလေးချိတ်ဆက်မည့် ၁၅ ကီလိုမီတာ လမ်းပိုင်းပါ ပါဝင်သည်။

အပိုင်း(ခ)သည် ရန်ကုန်မြို့ တွင်းမှ ရန်ကုန်အနောက်ဘက် ခြမ်းကိုပတ်၍ အပိုင်း(က) ကို မင်္ဂလာဒုံစက်မှုဇုန်၌ ချိတ်ဆက်ရန်ဖြစ်သည်။ ရန်ကုန်မိုးပျံအမြန်လမ်း မြို့တွင်းပိုင်း (က) တည်ဆောက်ခွင့်ရ ကုမ္ပဏီကို မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး အပိုင်း(ခ)ကို ၂၀၁၉ နှစ်လယ်တွင် တင်ဒါခေါ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။အဆိုပါ အပိုင်းအတွက် ကုမ္ပဏီသည် ငွေကြေးစိုက်ထုတ် ၍ တည်ဆောက်ရမည်ဖြစ်ပြီး အ ကျိုးအမြတ်အတွက် လမ်းဖြတ်သန်းခ ကောက်ယူခွင့်ရမည် ဖြစ်သည်။

မြို့တွင်းပိုင်း အပိုင်း(က) ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၈ ဇွန်လတွင် တင်ဒါခေါ်ယူ ပြီး လက်ရှိ၌ နောက်ဆုံးကုမ္ပဏီ တစ်ခု ရွေးချယ်ရန် အဆင့်သာ ကျန်ရှိ၍ အပိုင်း(ခ)ကိုဆက်လက် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က ပြောသည်။

မိုးပျံ အမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့တို့ ပူးပေါင်းပြီး Public Pri-vate Partnership(PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ရန် ဖြစ်သည်။ ထိုသို့ အကောင်အ ထည်ဖော်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနက IFC ကို အကြံပေး အဖွဲ့ငှားထားပြီး IFC က တင်ဒါ ရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့် အပိုင်း ဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောကြားသည်။

IFC သည် လက်ရှိစီမံကိန်း တစ်ခုလုံးအတွက် စီးပွားရေးအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာပြီး ဆောက်လုပ်ခွင့်ရ ကုမ္ပဏီများ သည် ထိုလေ့လာမှုအတိုင်း အ ကောင်အထည်ဖော်ရမည်ဟု ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service