ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရန်ကုန်မြို့သစ်စီမံကိန်း စတင်ရန် အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လိုမှု အဆိုပြုလွှာကို ယခုလကုန်ဖေဖော်ဝါရီလမှာ နောက်ဆုံးထားတင်ပြနိုင်တယ်လို့  NYDC ကထုတ်ပြန်လိုက်ပါတယ်။
Expression of Interest ကို NYDC ကတရားဝင်ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပကုမ္ပဏီများ စတင်လျှောက်ထားနိင်မည်ဖြစ်သည်။
EOI ခေါ်ယူသွားမည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆင့် ၁ ကဏ္ဍများမှာ အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်၊ နည်းပညာပိုင်းဆိုင်ရာ၊ ရေဆိုးသန့်စင်ရေး ၊ သဘာဝဓာတ်ငွေ့ ဖြန့်ချိ ပို့ဆောင်ခြင်း လုပ်ငန်းများနှင့် ကွန်ဗန်းရှင်းစင်တာ စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတို့ပါဝင်မည်ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ တင်ဒါ ပထမအဆင့်တွင် NYDC က တင်ဒါ ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် စီမံကိန်း အဆို ပြုလွှာ (Pre-Project Document-PPD) ကို ပြင်ဆင်ရန် လိုအပ်သော စီမံကိန်း အကြို လုပ်ငန်းများနှင့် လေ့လာဆန်းစစ်ချက်များကို ကုန်ကျစရိတ်ခံပြီး ပြုလုပ်နိုင်မည့် ကုမ္ပဏီကို ပဏာမ ရွေးချယ်သွားမည် ဖြစ်ကြောင်း NYDC ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါ။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com