၂၀၁၉ ခုနှစ်မှာ စတင်ဖို့ တာစူနေပြီဖြစ်တဲ့ Eco Green City စီမံကိန်း

၂၀၁၉ ခုနှစ်မှာ စတင်ဖို့ တာစူနေပြီဖြစ်တဲ့ Eco Green City စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 12:24 pm တွင် တင်ခဲ့သည်
5506 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကြီးလေးခုအနက်မှာ Eco Green City စီမံကိန်းကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒုတိယမြောက် အကောင်အထည်ဖော်မယ့် စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ မျှော်မှန်းထားတယ်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြောခဲ့ပါတယ်။

အခုဖေဖော်ဝါရီ ပထမပတ်လောက်ကစပြီး စီမံကိန်းမြေနေရာအတွက် မြေယာပြုပြင်တာတွေ၊ အဓိကရုံးခန်းဆောက်လုပ်တာတွေ ဆောင်ရွက်နေပြီလို့ စီမံကိန်းအတွက် သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ကတော့ စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"Eco Green City စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ဖို့လုပ်နေတယ်။ အစကတည်းက ရင်းနှီးမြှုပ်နှံမယ့်သူကတော့ ရှိပြီးသား။ လုပ်ငန်းစတာတော့ စနေပြီ။ တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ဖို့ လုပ်နေတယ်"လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာက ပြောပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ အပြင်ပတ်လမ်း အမြန်လမ်းမကြီးဘေးမှာ တည်ရှိနေတာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ဝင်ပေါက်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းကို ချိတ်ဆက်ထားပါတယ်။ ဟံသာဝတီလေဆိပ်နဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ အမှတ် ၁၊ ၃၊ ၇ နဲ့ ရန်ကုန်•မန္တလေး အမြန်လမ်းတို့ ဆုံမှတ်နေရာမှာ တည်ရှိပါတယ်။

ဒါ့ပြင် ဒီစီမံကိန်းဟာ လှည်းကူးမြို့နယ်မှာ မက်ဂါစီးတီးဖွံ့ဖြိုးမှုနဲ့ ရန်ကုန်မြို့မှာ ကြုံတွေ့လာရတဲ့ အလျားလိုက် ဖြန့်ကြက်လာမှုတွေကို မဟာဗျူဟာကျတဲ့ ဖြေရှင်းမှုတွေထဲက တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star ကုမ္ပဏီတို့က စီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ စတင်နိုင်မယ်လို့ ရည်မှန်းထားပြီး ၂၀၂၉ ခုနှစ်မှာ ပြီးစီးနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Eco Green City စီမံကိန်းကို အပိုင်း သုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်းမျှော်မှန်းချက်အနေနဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ ရည်မှန်းချက် ၂၀၄၀ မှာပါဝင်တဲ့ အနာဂတ် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့၊ ဝင်ငွေနည်းပြည်သူတွေအတွက် လိုအပ်တဲ့ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး လူမှုဘဝမြင့်မားလာစေဖို့ စတဲ့ မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

စီမံကိန်းအဆင့်(၁)ရဲ့ လူနေအဆောက်အအုံတွေ၊ ဝန်ဆောင်မှုဇုန်တွေ၊ အုပ်ချုပ်ရေးရုံးခန်းတွေ၊ ဘက်စုံသုံးဇုန်၊ လမ်းနဲ့ တခြားအခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကို မြေဧက ၆၆၇ ဒသမ ၈ ဧကပေါ်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

အဆင့်(၂)မှာတော့ အိမ်ရာယူနစ်တွေ အကောင်အထည်ဖော်မှု၊ နိုင်ငံတကာဆေးရုံနဲ့ကျောင်းတွေ၊ အပန်းဖြေနားနေနိုင်တဲ့ ပန်းခြံတွေ၊ ဟိုတယ်ဇုန်တွေ၊ ဂေါက်ကွင်းတွေနဲ့ မီဒီယာအဝန်းအဝိုင်းတစ်ခုတို့ကို မြေဧက ၇၈၅ ဒသမ ၃၂ ဧကမှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

Eco Green City စီမံကိန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ အဝင်မှာ တည်ရှိတာဖြစ်လို့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ဇန်နဝါရီလဆန်းပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။

Eco Green City စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြဖို့နဲ့ နိုင်ငံတော်က ရသင့် ရထိုက်တဲ့ အကျိုးအမြတ်တွေရဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ပုလဲမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။

အဆိုပါမေးခွန်းနဲ့ပတ်သက်ပြီး စီမံကိန်းဧရိယာတစ်ခုလုံးကို ခြံစည်းရိုးခတ်ထားပြီး စီမံကိန်း (Master Plan) ညှိနှိုင်းရေးဆွဲရာမှာ နိုင်ငံတော်ကရရှိမယ့် အိမ်ရာတွေရဲ့ အသေးစိတ်ပုံစံတွေကို ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်းလမ်းကြောင်းတွေ ပြန်လည်သတ်မှတ်ခြင်း၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ခွဲဝေမှုအတွက် အသေးစိတ်တွက်ချက်ခြင်းတွေ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Eco Green City စီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ရော၊ အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေအနေနဲ့ပါ ပြည်သူလူထုကို သေချာချပြဖို့အတွက် မျှော်မှန်းတယ်လို့ ဒေါ်ခင်စန်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ဝန်ကြီးရဲ့ဖြေကြားထားတဲ့ အကြောင်းအရာက လွှတ်တော်မှာ ကတိကဝတ်အနေနဲ့ ရှိနေပြီ။ လွှတ်တော်က ဆက်လက်ဆောင်ရွက်ဖို့ ကတိကဝတ်ကော်မတီကလည်း ဆက်လက်ပြီး ဆောင်ရွက်လိမ့်မယ်။ ဝန်ကြီးဌာနကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်မယ်။ ဒီဟာနဲ့ပတ်သက်ပြီး တိတိကျကျ အဖြေမပေးနိုင်ဘူးဆိုရင် ထပ်မံပြီးလွှတ်တော်မှာ မေးမြန်းတာမျိုးပဲဖြစ်ဖြစ်၊ တွေ့ဆုံရတာပဲဖြစ်ဖြစ်၊ခေါ်ယူပြီး မေးမြန်တာမျိုးပဲဖြစ်ဖြစ် ဆောင်ရွက်ရပါလိမ့်မယ်"လို့ သူက ဆက်လက်ပြောပါတယ်။

"ဝန်ကြီးဌာနက ရရှိတဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ မြေဧက ၂၀ဝ ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ယူနစ် ၄ဝ၀ဝ ခန့် ဒါမှမဟုတ် သူနဲ့ညီမျှတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တဲ့ အဆင့်မြင့်အိမ်ရာ ယူနစ် ၃ဝ၀ဝ ခန့်ကို ကုမ္ပဏီက ဆောက်လုပ်လွှဲပြောင်းပေးသွားမှာဖြစ်တယ်"လို့ ဒုဝန်ကြီး ဦးကျော်လင်းက နိုဝင်ဘာလတုန်းက ပြောခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးလင်ဆီစိုက်ခင်း မြေနေရာ ၁၄၅၃ ဒသမ ၇၂ ဧကမှာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ကို Alliance Starကုမ္ပဏီက နှစ်ရှည်ငှားရမ်းခွင့် ရရှိခဲ့ပါတယ်။

အဲဒီစိုက်ပျိုးမြေက ရေဝပ်မြေဖြစ်တဲ့အတွက် ပြန်လည်အပ်နှံခဲ့ပြီး တော့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ကုမ္ပဏီဘက်က အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုချက်အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတရုံးက ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ကို ပူးပေါင်းပြီး စီမံကိန်းလုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ မြေရာဇဝင်မှတ်တမ်းမှာဖော်ပြထားပါတယ်။

Eco Green City စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် သုံးစွဲသွားမှာဖြစ်ပါတယ်။ စီမံကိန်းအကောင် အထည်ဖော်နေစဉ်ကာလအတွင်းမှာ ဒေသခံပြည်သူတွေအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းခန့်နဲ့ စီမံကိန်းပြီးစီး ပါက အမြဲတမ်းအလုပ်အကိုင် အခွင့်အလမ်း တစ်သောင်းခွဲခန့်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
Ponnami Estate
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service