တံတားဦးဒေသဖွံ့ဖြိုးရေးနှင့် ဟိုတယ်ဇုန်စီမံကိန်း ပထမအဆင့်အဖြစ် အခြားနည်း အသုံးပြုခွင့်ရပြီး လမ်းများစတင်ဖောက်လုပ်

တံတားဦးဒေသဖွံ့ဖြိုးရေးနှင့် ဟိုတယ်ဇုန်စီမံကိန်း ပထမအဆင့်အဖြစ် အခြားနည်း အသုံးပြုခွင့်ရပြီး လမ်းများစတင်ဖောက်လုပ် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 10:54 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် လက်ဆောင်ယူကူးတို့ ဆိပ်ခေါင်းကွဲနှင့် ငါးရာပြားကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တံတားဦးဒေသ ဖွံ့ဖြိုးရေးနှင့် ဟိုတယ်ဇုန် စီမံကိန်း ပထမအဆင့်အဖြစ် အခြားနည်း အသုံးပြုခွင့်ရပြီး မြေပေါ်တွင် လမ်းများစတင် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

စီမံကိန်း ပထမအဆင့်အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်မည့် ဧက ၅၀၀၀ မှ အခြားနည်း အသုံးပြုခွင့်ရပြီး မြေဧရိယာ အများဆုံးရှိသည့် အပိုင်းတွင် လုပ်ငန်းများ စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး လက်ရှိတွင် တံတားဦး - မြို့သာ ကားလမ်းမှ ဆင်တဲကျောက်လမ်းအထိ လမ်းအကျယ် ပေ ၁၅၀၊ လမ်းအရှည် နှစ်မိုင်ရှိ ပင်မလမ်းမ ဖောက်လုပ်ခြင်းများကို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ပြောတဲ့အတွက် အခုဖေဖော်ဝါရီလထဲမှာ စလုပ်နေတယ်။ အခုစီမံကိန်းလုပ်တဲ့နေရာက မိုးတွင်းဆိုရင် ရေလွှမ်း ဧရိယာဖြစ်တဲ့အတွက် လုပ်ငန်းမဆောင်ရွက်နိုင်ဘူး။ ပွင့်လင်းရာသီရောက်မှ လုပ်နိုင်တယ်။ အရင်နှစ်တွေကတော့ လမ်းအူကြောင်း အကြမ်းထည် လုပ်တာတို့ မြေယာရှင်းလင်းရေး လုပ်တာတို့ ဆောင်ရွက်ခဲ့ပြီး ဒီနှစ်မှာ ကွန်ကရစ်လမ်းကို မိန်းလမ်းအဖြစ် လုပ်ဆောင်သွားမယ်။ စီမံကိန်းလုပ်မယ့် လျာထားဧက ၅၀၀၀ မှာ ဝယ်ယူရရှိပြီးဧက ၂၈၀၀ လောက်ရှိတယ်။ အခု လုပ်ငန်းစတင်နေတဲ့ အပိုင်းမှာဆိုရင် ၈၀ ရာခိုင်နှုန်းဝယ်ယူပြီး ဧကရှိတဲ့အတွက် စတင်လုပ်ဆောင်တာပါ။ ပထမအဆင့်အနေနဲ့ ဒီအပိုင်းမှာ လမ်းဖောက်တာတွေ၊ တံတားလုပ်တာတွေနဲ့ ရေထိန်း၊ မြေထိန်းနံရံ တည်ဆောက်တာတွေကို အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ” ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင်သောကုမ္ပဏီ မန္တလေးတာဝန်ခံ ဦးမြင့်အောင်က ပြောကြားသည်။

စီမံကိန်း ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်း စီမံကိန်း အကောင်အထည်ဖော်မည့် လျာထားနေရာတွင် မြေယာဝယ် ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ကုမ္ပဏီမှ မြေယာဧက ၂၈၀၀ ကျော်ရရှိပြီး ဖြစ်သည့်အတွက် မြေယာတစ်ဆက်တည်း အများဆုံးရှိသည့် နေရာအား ပိုင်းခြားကာ လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။

တံတားဦးဒေသ ဖွံ့ဖြိုးရေးနှင့် ဟိုတယ်ဇုန် စီမံကိန်းတွင် မြို့ပြအိမ်ရာများ၊ ကျောင်း၊ ရုံး၊ ဆေးခန်း၊ ဥယျာဉ်နှင့် အဆင့်မြင့် ဟိုတယ်များ ပါဝင်မည်ဖြစ်ကာ ယင်းစီမံကိန်းကို မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အစုရှယ်ယာဝင်အဖြစ် ရန်ကုန်၊ မန္တလေးမှ လုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Pan Swal Taw
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service