ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကမာကြည်လမ်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စက်မှုဇုန်(၁)တို့ကို ဆက်သွယ်တည်ဆောက်ထားသည့် တောင်ဒဂုံ-သုဝဏ္ဏ တံတား(ငမိုးရိပ်ချောင်းဖြတ် တံတားသစ်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဖဖော်ဝါရီ (၇)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတံတားကို (၁၅.၁၁.၂၀၁၇)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး (၂၄.၈.၂၀၁၈)ရက်နေ့တွင် ပြီးစီးခဲ့ကြောင်းသိရသည်။
တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ဘိုးပိုင်ထိပ်အုပ်နှင့် သံကူကွန်ကရစ် တိုင်ကန့်လန့်ရက်မ ဖြစ်ပြီး တံတား၏ အရှည် (၂၅၈)မီတာ၊ အကျယ် (၁၁.၅)မီတာရး၊ ယာဉ်သွားလမ်းအကျယ် (၈)မီတာ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင် (၁.၇၅)မီတာ၊ ရေလမ်းကင်းလွတ်အကျယ် (၆၀-၃၆-၃၆)မီတာ၊ ရေလမ်းကင်းလွတ်အမြင့်(၅.၅)မီတာရှိပြီး တံတား၏ခံနိုင်ဝန်မှာ ယဉ်တစ်စီးချင်း တန် (၆၀)ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကို ကျပ်သန်းပေါင်း ငါးထောင့်ရှစ်ရာခန့် အကုန်ကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
Credit: News Watch