မန္တလေးမှာ အိမ်ထောင်စု (၆၄) ရာခိုင်နှုန်းကျော် မြေဂရန်မရှိ

မန္တလေးမှာ အိမ်ထောင်စု (၆၄) ရာခိုင်နှုန်းကျော် မြေဂရန်မရှိ - Property News in Myanmar from iMyanmarHouse.com
6 Feb 2019 12:33 pm တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့တော် အနာဂတ် စီမံချက်များရေးဆွဲရာမှာ အထောက်အကူပြုဖို့ မန္တလေးခြောက်မြို့ နယ်ရှိ အိမ်ထောင်စုတွေဆီက အချက်အလက်တွေ ကောက်ယူနေရာမှာ လက်ရှိ ကောက်ယူပြီးစီးတဲ့ အိမ်စုစုပေါင်းရဲ့ ၆၄.၄ ရာခိုင်နှုန်း မြေဂရန်မရှိတာတွေ့ရတယ် လို့ သိရပါတယ်။

၂၀၁၈ခုနှစ် ဇူလိုင်လ ၆ ရက်က စတင်ကောက်ခံ သည်အစီအစဉ်မှာ ၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်အထိ အိမ်ခြေပေါင်း ၂၅၆,ဝဝဝ ကျော်ရဲ့ဂရန်ရှိမရှိ၊ စည်ပင်ကြီးကြပ်မှု ရှိ မရှိ၊ လုပ်ငန်းလိုင် စင်၊ ရေသုံးစွဲမှု၊ မိလ္လာစနစ်၊ ကားနဲ့ဆိုင် ကယ်အရေအတွက်၊ နံရံကပ်ကြော်ငြာ၊ အိမ်အငှားအစရှိတဲ့စည်ပင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အချက်အလက်တွေကို အဓိကထား ကောက်ယူပြီးစီးခဲ့တယ်။ ကောက်ယူပြီးစီးတဲ့အိမ်ထောင်စုပေါင်း ၂၅၆,၈၀၅ မှာ ဂရန်ရှိတာ ၉၁,၂၆ရနဲ့ ဂရန်မရှိတာ ၁၆၅,၅၃၈ အိမ်ရှိတယ်ဆို တော့ မရှိတာက ၆၄၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

သည်အပြင် မြေပြင်မှာရှိတဲ့စာရင်းနဲ့ စည်ပင်သာယာမှာရှိတဲ့ ယခင်စာရင်း ကြားကွာဟမှုတွေရှိတာ၊ အခွန်စည်းကြပ် မှုမရှိတာ၊ ဆိုင်ဖွင့်ထားပေမဲ့ သက်ဆိုင်တဲ့ လိုင်စင်မရှိတာတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။

“နှစ်ပေါင်း ၂၅၊ ၃၀ လောက် ဒီလိုနဲ့ပဲ ကောက်ခံခဲ့ကြတယ်၊ မှန်မှန်ကန်ကန်စာရင်းနဲ့ရလာမယ့် အခွန်ငွေနဲ့ဆိုရင် မန္တလေး မြို့အနာဂတ်အတွက် အထောက်အကူ ဖြစ်သွားမှာဖြစ်တယ် ” လို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စာရင်းတွေကို ကောက်ခံနေတာဟာ အခွန်အခ အဓိကမဟုတ်ဘဲ လက်ရှိမြေ ပြင်စာရင်းတွေကို သိရှိဖို့၊ မြို့တော်မှာ ဘယ်လိုအခြေအနေရှိတယ်၊ မြို့တော်အတွက် ငွေကြေးသုံးစွဲဖို့ ဘတ်ဂျက်ရေးဆွဲ ရာမှာ အသုံးပြုဖို့နဲ့ နောင်စည်ပင်သာယာ ရေးကော်မတီအဆက်ဆက်မှာ သည်ုUpdate အချက်အလက်တွေကို အခြေခံ အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်။ အချက်အလက်များ ကောက်ယူမယ့် စီမံချက်ကို မြို့တော်တစ်ခုလုံး အိမ်တိုင်းစေ့ ကောက်ယူမှာဖြစ်တယ်။ မြို့နယ်တစ်ခုကို သုံးဖွဲ့စီနဲ့ စုစုပေါင်း ၁၆ ဖွဲ့ က တစ်အိမ်တက်ဆင်းတစ်ပြိုင်နက်ကောက်ခံနေတာဖြစ် ပြီး လာမယ့် ၂၀၂၀ မှာ ပြီးစီးဖို့ မျှော်မှန်းထားတယ်။

ရလာမယ့်အချက်အလက်တွေကို GIS (Geographic Information Sy-stem) ပေါ်တင်ပြီး အနာဂတ်စီမံချက်ပေါင်းများစွာ ရေးဆွဲနိုင်သလို လက်ရှိစည်ပင်လုပ်ငန်းတွေရဲ့ လစ်ဟာချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။

Credit:  The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service