ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မန္တလေး ပုသိမ်ကြီး မြို့နယ်တွင်းရှိ မန္တလေး - ပြင်ဦးလွင်သွား ကားလမ်းဘေးဝန်းကျင်က မြေနေရာ အချို့ အခုရက်ပိုင်းအတွင်း သိန်းရာချီဈေး တက်နေတယ်လို့ ဒေသခံအကျိုးဆောင် အချို့က ဆိုပါတယ်။
အထူးသဖြင့် မန္တလေး - ပြင်ဦးလွင် သွား ကားလမ်းဘေး အောင်ပင်လယ်၊ သမ္မတောကျေးရွာပတ်ဝန်းကျင်တစ်လျှောက်က မြေနေရာတွေ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ မန္တလေး - ပြင်ဦးလွင်သွား ကားလမ်းဘက်မှာဆိုရင် သမ္မ တော ကျေးရွာဘက်မှာ သည်ရက်ပိုင်း အရောင်းအဝယ်အချို့ဖြစ်နေပြီး လက်ရှိ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ဈေးတန်းတွေ ကို ကြည့်ခြင်းအားဖြင့် ယခုလိုဈေးတက် လာတာသိတာလို့ အကျိုးဆောင်အချို့ က ပြောပါတယ်။
သည်နေရာတွေဟာ ရေတံခွန်တောင် ခြေ၊ရေတံခွန်တောင်ဂေါက်ကွင်းနား ဧရိယာဧက ၅ဝဝ မှာ တည်ဆောက်မယ့် ရေတံခွန်တောင်အိမ်ရာစီမံကိန်းနဲ့ မလှမ်းမကမ်းမှာရှိတယ်။ ဒါကြောင့် သည်နေရာ တွေဟာ မကြာခင်မှာ ယခုထက်ပိုမိုဖွံ့ဖြိုးလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ယခုလို ဈေးတက်လာတာဖြစ်မယ်လို့ နယ်ခံအကျိုးဆောင်အချို့က ခန့်မှန်း ပြောဆိုပါတယ်။
အရောင်းအဝယ်ဈေးကွက်မှာ တစ်ဧကကျပ်သိန်း ၁ဝဝဝ မှ ၄ဝဝဝ ကြား တန်ဖိုးရှိလယ်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
မြို့ရဲ့အနီးပတ်ဝန်းကျင်ရှိ လူနေ အကွက်အကွင်းတွေနဲ့နီးစပ်တဲ့ဒေသတွေက လယ်မြေအချို့အရောင်းအဝယ် ဖြစ်တာဖြစ်ပြီး လယ်ယာမြေဝယ်လက်အများစုဟာ ပေါင်းစည်းလယ်ယာပြု လုပ်ဖို့၊ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားဖို့နဲ့ အကွက်ရိုက်ပြန်ရောင်းဖို့ ဝယ်တာများတယ်လို့ နယ်ခံ အကျိုးဆောင်အချို့ဆီက စုံစမ်းသိရပါတယ်။
Credit: The Kumudra