ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည်ထောင်စုတွင် Trend အဖြစ် ဆုံး မီးဖိုဆောင် ဒီဇိုင်းများ၊ အရောင်များ၊ အသုံးပြုသည့်ပစ္စည်းများ၊ အလင်းပေးပုံများကို သိရှိလိုသော ကြောင့် လိုက်လံရှာဖွေ ဖတ်ရှုနေပါသလား။ ယင်းသို့ဆိုလျှင် ဤဆောင်းပါးမှာ သင်လိုအပ်နေ သည့် ဆောင်းပါးပင်ဖြစ်၏။
အမေရိကန်အမျိုးသား မီးဖိုဆောင်နှင့် ရေချိုးခန်းဆိုင်ရာအသင်းကြီး (NKBA) သည် ရာပေါင်းများစွာသော အိမ် တွင်းဒီဇိုင်နာများ၊ ပြုပြင်မွမ်းမံမှုပြုလုပ်သူများ၊ ဗိသုကာပညာ ရှင်များနှင့် ဆောက်လုပ်ရေးပစ်္စည်းထုတ်လုပ်သူများ၊ ရောင်းချသူ များနှင့် တွေ့ဆုံမေးမြန်းကာ လူကြိုက်အများဆုံးအရာများ၊ မီးဖို ဆောင်ဒီဇိုင်း trend များကို လေ့လာစုံစမ်းခဲ့သည်။
အောက်ဖော်ပြပါတို့မှာ အမေရိကန်ပြည်ထောင်စု တွင် Trend အဖြစ်ဆုံး မီးဖိုဆောင် ဒီဇိုင်းများဟု NKBA မန်နေဂျာ။ ဒီဇိုင်နာတစ်ဦးဖြစ်သူ အယ်လီ အိတ်ခ်ျ-မီလာ့ဒ်က ပြောပြခဲ့သည့် အရာများဖြစ်သည်။
Trends အဖြစ်ဆုံး ကောင်တာမျက်နှာပြင်များ
အမေရိကန်ပြည်ထောင်စုတွင် မီးဖိုဆောင် ကောင်တာ မျက်နှာပြင်များအတွက် အသုံးအများဆုံးမှာ နှမ်းဖတ်ကျောက် မျက်နှာပြင်ဖြစ်ပြီး လိပ်သည်းကျောက်နှင့် စကျင်ကျောက်မျက်နှာ ပြင်များထက် လူသုံးများလျက်ရှိနေသည်။ ဘေစင်ရေကာပြားများ အသုံးပြုမှုတွင် ကြွေပြား များမှာ လူသုံးအများဆုံးဖြစ်ပြီး ၎င်းနောက်တွင် မှန်နှင့် ကျောက်ပြားတို့ ရပ်တည်လျက်ရှိကြောင်း အိတ်ခ်ျ-မီလာ့ဒ်က ပြောကြားသည်။
သို့ရာတွင် ကြွေပြားမှာလည်း ထိပ်တန်းလူကြိုက်များ သည့်အထဲတွင် ပါဝင်ပြီး ပုံသဏ္ဌာန်အမျိုးမျိုး ထုတ်လုပ်ထားသော သစ်ကြမ်းခင်းမှာလည်း လူကြိုက်အများဆုံး တတိယနေရာ တွင် ရှိသည်။
Trends အဖြစ်ဆုံး ဘေစင်နှင့် ရေပိုက်ခေါင်း
မီးဖိုဆောင်ဒီဇိုင်းတွင် ယာတောအိမ်ဒီဇိုင်းမှာ အကျော်ကြား ဆုံးဖြစ်သည့်နည်းတူ (ပြီးခဲ့သောလက ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်) ဘေစင်တွင် ရိုးရှင်းသော စတီးဘေစင်မှာ လူကြိုက် အများဆုံးဖြစ်သည်။
စတီးဟာ ကွန်ပိုစစ်နဲ့ ရွှံ့စေးဘေစင်တွေထက် ၂ ဆ လောက် နာမည်ကျော်ပါတယ်။ ရေပိုက်ခေါင်းတွင်မူ လှည့်ခေါင်းနှင့် ဆွဲချခေါင်းတို့ မှာ နာမည်ကျော်မူ ထပ်တူနီးပါးရှိပြီး ၎င်းတို့နောက်တွင် ငန်း လည်ပင်းပုံသဏ္ဌာန် ရေပိုက်ခေါင်း ရပ်တည်လျက်ရှိသည်။
Trends အဖြစ်ဆုံး မီးဖိုဆောင်သုံးပစ္စည်းများ
ရေခဲသေတ္တာနှင့် ဖရီဇာတို့ကို တစ်လုံးတည်းအသုံး ပြုခြင်း လူကြိုက်မများတော့ဘဲ နောက်ဆုံးလူကြိုက်များနေသည် မှာ ကော်လံသဖွယ် အတွဲလိုက်ထားရှိသော စက်ပုံစံမျိုးများ ဖြစ်သည်။ သို့ရာတွင် တံခါးတစ်ပေါက် ရေခဲသေတ္တာနှင့် တံခါး တစ်ပေါက်ဖရီဇာတို့မှာ ဒုတိယနေရာတွင် ရပ်တည်နေဆဲ ဖြစ်သည်။ မှန်တံခါးနှစ်ဖက်တပ်ဆင်ထားသော ရေခဲသေတ္တာမှာ လူကြိုက်အများဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ကောင်တာအမြင့် အောက် ရေခဲသေတ္တာနှင့် ရေခဲခန်းကို အောက်ခြေတွင် ထားရှိ သည့် ရေခဲသေတ္တာအမျိုးအစားတို့ လူကြိုက်များကြသည်။ ဂက်စ်မီးဖို ကောင်တာများ၊ မိုက္ကရိုဝေ့ဗ် အံဆွဲများ သည် နာမည်အကျော်ဆုံး မီးဖိုဆောင်သုံးပစ္စည်းများဖြစ်နေသည်။ ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ induction cooktops အမျိုးအစားမီးဖိုများဖြစ်ကြသည်။
Trends အဖြစ်ဆုံး အရောင်များ
““ လူကြိုက်အများဆုံးဖြစ်နေတဲ့ အရောင်ကတော့ အဖြူ နှင့် မီးခိုးရောင်တွေပါပဲ။ စစ်တမ်းမှာ ဖြေကြားကြတဲ့ တခြား အရောင်တွေလည်း ရှိပါတယ်။ အပြာ၊ အနက်၊ မိတ်ကပ်ရောင် တို့လည်း ရှိပါတယ်။ ဒါပေမယ့် အဖြူနဲ့ မီးခိုးရောင် ရေပန်းစားမှု ကတော့ ၂ ဆလောက်ပိုများပါတယ် ””ဟု အိတ်ခ်ျ မီလာ့ဒ်က ဆိုသည်။ အခြားသော ထွန်းသစ်စ မီးဖိုဆောင်ဒီဇိုင်းအနေဖြင့် မီးဖိုဆောင်ကို အခန်းနံရံဘေးတွင် ထားရှိခြင်းမျိုးမပြုလုပ်ဘဲ အခန်းအလယ်ဗဟိုတွင် ထားရှိသည့်ဒီဇိုင်းမှာလည်း ခေတ်စား စပြုလာကြောင်း အိတ်ခ်ျမီလာ့ဒ်က ဆက်လက်ပြောကြားသည်။
ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com