အခွန်နှင့် ယုံကြည်မှုအတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို လွှတ်တော်တင်

အခွန်နှင့် ယုံကြည်မှုအတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို လွှတ်တော်တင် - Property News in Myanmar from iMyanmarHouse.com
31 Jan 2019 10:46 am တွင် တင်ခဲ့သည်
2279 ကြိမ် ကြည့်ရှု့ပြီး

အပြန်အလှန်ယုံကြည်မှုရှိစေမည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းပေါ်ပေါက်လာစေရန်နှင့် ယင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် အခွန်ဝင်ငွေများ ရရှိလာစေရန်အတွက် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီ (၂၉)ရက်နေ့က တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်တကျမရှိဘဲ ပျံ့နှံ့နေသောအိမ်ခြံ မြေဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျရှိ လာစေရန်နှင့် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်ဝင်ငွေများ ရရှိလာစေရန်အတွက် ဥပဒေကြမ်းကို တင်သွင်း ရခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေက မြန်မာတိုင်းမ်သို့ပြောသည်။

" ရည်ရွယ်ချက်ကတော့ တစ်ပြည်လုံးပျံ့ပြီးတော့ စနစ်တကျလည်းမရှိ၊ အာမခံချက်လည်းမရှိဘဲဖြစ်နေတဲ့ ဒီဈေးကွက်မှာ စနစ်တကျနဲ့အသင်းအဖွဲ့တွေ၊ လိုင်စင်တွေ၊ သင်တန်းတွေနဲ့ဖြစ်လာဖို့ ဖရိန်(မူဘောင်)တစ်ခုချပေးလိုက်တဲ့သဘောပါ " ဟု ၄င်းကပြောကြားသည်။

ထို့ပြင် ဒုတိယရည်ရွယ်ချက်အဖြစ် အဆိုပါဝန်ဆောင်မှုဈေးကွက်မှ လစ်ဟင်းနေသော အခွန်များလည်း ရရှိလာရန်မျှော်လင့်ထားသည်။ " အိမ်ခြံမြေဘက်က အခွန်တွေရသင့်တာမရဘဲနဲ့ လစ်ဟင်းနေတာပေါ့လေ။ ဒါကိုလည်း စနစ်တကျကြီးကြပ်ဖို့ရည်ရွယ်ပါတယ် " ဟု ထပ်မံပြောကြားခဲ့သည်။

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပြဌာန်းလာနိုင်ခြင်းဖြင့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို အသင်းအဖွဲ့များ၊ လိုင်စင်များဖြင့် စနစ်တကျရှိလာစေရန် ရည်မှန်းထားသည်။ ထိုမှတစ်ဆင့် ရောင်းသူရော ဝယ်သူဘက်တွင်ပါ နှစ်ဘက်အာမခံချက်ရှိသည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။

လက်ရှိတွင် ထိုကဲ့သို့စနစ်တကျမရှိသောကြောင့် ရောင်းသူနှင့်ဝယ်သူ များအကြား ပြဿနာများလည်း ဖြစ်ပွားနေသည်။ " ကွန်ဒိုဝယ်နိုင်တဲ့သူက နည်းပါတယ်။ တကယ်တန်းဝယ်နိုင်တာက Flat(တိုက်ခန်း)ပေါ့။ အိမ်ခြံမြေအောက်က Flat က တစ်ပြည်လုံးဈေးကွက်လည်းရှိတယ်။ ပြဿနာတွေ၊ မှုခင်းတွေကလည်း အများဆုံးဖြစ်နေတော့ ဒါကိုစနစ်တစ်ခုတည်း ဝင်အောင် မူဘောင်တစ်ခုချပေးလိုက်တာပါပဲ " ဟု ၄င်းက ရှင်းလင်းပြောကြားသည်။

သို့သော်လည်း ယခုမှပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်နှစ်ခုတွင် အပြန်အလှန်ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းများလည်း ရှိလာနိုင်သေးသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က ရေးဆွဲထားသော အဆိုပါဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံခြားသားများအားလည်း ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန် ပြဌာန်းချက်ပါရှိကြောင်း အသင်းဥက္ကဌ ဦးအောင်ထွန်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သို့သော်လည်း ယနေ့တင်သွင်းသည့်ဥပဒေကြမ်းတွင်မူ အဆိုပါအချက် ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။ " အခုတော့ ဥပဒေကြမ်းတင်သွင်းတဲ့အဆင့်ပဲရှိသေးတော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ လွှတ်တော်မှာ ဆွေးနွေးကြဦးမှာဆိုတော့ လုပ်ငန်းစဉ်က အချိန်ယူရဦးမှာပါ " ဟု ဦးနေဖူးဗဆွေက ပြောသည်။

လက်ရှိတွင် ဥပဒေမရှိသေးသောကြောင့် နိုင်ငံခြားသားများက ၄င်းတို့အချင်းချင်းအကြား အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော်လည်း အရေးမယူနိုင်သေးကြောင်း အိမ်ခြံမြေလုပ် ငန်းဖွံ့ဖြိုးရေးအသင်းက ပြောဆိုထားသည်။

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service