အထပ်မြင့် လူနေအိမ်တိုက်ခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိဟုဆို

အထပ်မြင့် လူနေအိမ်တိုက်ခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Jan 2019 1:01 pm တွင် တင်ခဲ့သည်
10026 ကြိမ် ကြည့်ရှု့ပြီး

အထပ်မြင့်လူနေအိမ်တိုက်ခန်းများ မြေငလျင်၊ မီး အစရှိသည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိဘဲ လုံးဝ ဆုံးရှုံးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဦးစိုင်းခွန်နောင်က ပြောသည်။

'' ဥပဒေမှာပါတာက အခန်းကအပျောက်ဝယ်ထားတာပေါ့နော်၊ မြေနဲ့ မဆိုင်ဘူး။ မြေပိုင်ဆိုင်မှုက အချိုးကျမပါ တဲ့အခါကျတော့ တကယ်ဥပဒေအရ ပြောရရင် ငလျင်လှုပ်လို့ပြိုသွားတယ်၊ မီးဘေးကြောင့် ပြိုသွားတယ်ဆိုရင် ဒီအပျောက်ဝယ်ထားတဲ့အခန်းရဲ့ ပိုင်ဆိုင်မှုရပိုင်ခွင့်က သုညဖြစ်သွားပြီး''ဟု ၎င်းက ပြောသည်။

ထိုသို့သောအခြေအနေဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအနေဖြင့် မြေပိုင်ရှင်နှင့် ညှိနှိုင်းပြေလည်ပါက အဆောက်အဦအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်၍ အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေအရ အဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဦးစိုင်းခွန်နောင်က ဆက်လက်ပြောဆိုသည်။

အိမ်ခြံမြေနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်လုပ်ကိုင်ပေးနေသည့် အထက်တန်းရှေ့နေ တဦးကလည်း''အထပ်မြင့်အဆောက်အအုံတွေ မြေပြိုလို့ပဲဖြစ်ဖြစ်၊ တခုခုကြောင့်ပြိုကျရင် အခန်းပိုင်ရှင်တွေမှာ ဘာရပိုင်ခွင့်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလမြေပိုင်ရှင်က မြေကိုပိုင်တာ။ သူတို့က လေပေါ်က တိုက်ခန်းကိုပိုင်တာ။ လေပေါ်ကတိုက်ခန်းမရှိတော့ရင် သူတို့ပိုင်ဆိုင်မှုမရှိတော့ဘူး ''ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသည့် အထပ်မြင့်အဆောက်အဦများ အရေအတွက်များပြားလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုသည် မြေအောက်ရေကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

အဝီစိတွင်းတူရန် တတွင်းနှင့်တတွင်း အကွာအဝေးပေ ၁၅ဝ ခန့်သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့သည့် အဆိုပါအကွာ အဝေးကိုလိုက်နာခြင်းမရှိကြောင်း၊ ရန်ကုန်မြို့တွင် ကတ္တရာ၊ ကွန်ကရစ်လမ်းများခင်းထားမှုကြောင့် မိုးရွာလျှင်မြေအောက်သို့ ရေရောက်ရန်ခက်ခဲကြောင်း၊ မြေအောက် ရေထုတ်ယူမှုများပြားလာလျှင်ကတော့ ပုံလိုဏ်ခေါင်းများဖြစ်ပြီး မြေပြိုခြင်းများဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်နေစဉ် ရေဂါ လန် သန်း ၂၅ဝ နီးပါး ပေးဝေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် ရေဆုံး ရှုံးမှုရှိနေပြီး အများစုမှာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။

Credit:  News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

Ponnami Estate
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service