အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို ဖရန်ချိုက်စနစ်ဖြင့် လုပ်ကိုင်ခြင်း

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို ဖရန်ချိုက်စနစ်ဖြင့် လုပ်ကိုင်ခြင်း - Property News in Myanmar from iMyanmarHouse.com
30 Jan 2019 11:10 am တွင် တင်ခဲ့သည်
1604 ကြိမ် ကြည့်ရှု့ပြီး

ဖရန်ချိုက် သို့မဟုတ် လုပ်ငန်းခွဲဝေလုပ်ကိုင်ခြင်း မြန်မာပြည်တွင် ဖရန်ချိုက်လုပ်ငန်းများသည် စားသုံး သူများနှင့် စတင်ရင်းနှီးစပြုလာပါပြီ။ KFC, J'Donus, Gor-danzo စသည့် ဖရန်ချိုက်များမြန်မာနိုင်ငံ၌ စတင်အခြေချလာကြ ပြီဖြစ်ပါသည်။ ဈေးကွက်စီးပွားရေး စနှစ်နှင့်အတူ ဖရန်ချိုက် လုပ်ငန်းများသည် နိုင်ငံတကာ၌ တိုးတက်ဖွံ့ဖြိုးနေပါပြီ။ ဖရန်ချိုက်သည် စီးပွားရေးလုပ်ငန်း လုပ်နည်းကိုင်နည်းသာဖြစ်သည်။ မည်သည့်စီးပွားရေးလုပ်ငန်း အမျိုးအစားကိုမဆို ဖရန်ချိုက်လုပ်ငန်း ပုံစံဖြင့် ဖရန်ချိုက်လုပ်နည်းကိုင်နည်းဖြင့် လုပ်ကိုင်နိုင်ပါသည်။ ဖရန်ချိုက်လုပ်ငန်းစနစ်သည် တည်ထောင်သူလုပ်ငန်း ရှင် (Franchisor) က အဖိုးစားနားတစ်ရပ်အတွက် လုပ်ငန်း တစ်ရပ်ကိုလုပ်ကိုင်ရန် စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်း လုပ်ငန်းများကို ခွဲဝေလုပ်ကိုင်ခွင့်ပေးသည့် အခြားသူတစ်ဦး (Franchisee)ကို ဦးဆုံးပြုလုပ်ကိုင်ခွင့် ပေးခြင်းဖြစ်ပါသည်။၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်း နာမည်ကျော်ဖရန်ချိုက် (၁၀)ခုမှာ- ၁။ McDonald’s ၂။ KFC ၃။ Burger King ၄။ Pizza Hut ၅။ 7 Eleven ၆။ Marriott International ၇။ RE/MAX ၈။ Dunking Donuts ၉။ International Hospital and Resorts ၁၀။ Subway တို့ဖြစ်သည်။

အိမ်ခြံမြေဖရန်ချိုက်လုပ်ငန်း

အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကိုလည်း ဖရန်ချိုက်လုပ် နည်းစနစ်ဖြင့် လုပ်ကိုင်နိုင်ပါသည်။မြန်မာပြည်၌ အိမ်ခြံမြေ လုပ်ငန်းကို စနစ်တကျ ဖရန်ချိုက်ပုံစံဖြင့် ပြုလုပ်သည်ကိုမတွေ့ရ သေးပါ။နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်မည်ဆိုပါက ဖရန် ချိုက် လုပ်ငန်းစနစ်သည် အောင်မြင်နိုင်သော လုပ်ငန်းပုံစံမုချ ဖြစ်ပါသည်။ RE/MAX အိမ်ခြံမြေ ဖရန်ချိုက်လုပ်ငန်းသည် ၂၀၁၈ခုနှစ်၏ ကမ္ဘာ့အဆင့်(၇)ဖြစ်ပါသည်။နိုင်ငံတကာ၌ Century 21 ကဲ့သို့ ထင်ရှားကျော်ကြားပါသည်။

ကမ္ဘာ့အဆင့် ၇ - RE/MAX(Real Estate Business) အိမ် ခြံ မြေလုပ်ငန်း စတင်တည်ထောင်သောနှစ် - ၁၉၇၄ ခုနှစ် ဖရန်ချိုက်စတင်သောနှစ် - ၁၉၇၄ ခုနှစ် ရုံးချုပ်တည်နေရာ - Denver,Colordo ၊ အမေရိ ကန် စီးပွားရေးအမျိုးအစား - အပြည်ပြည်ဆိုင်ရာ ဖရန် ချိုက်ဆာ RE/MAX သည် ကွန်ယက်ထူထောင်၍ အိမ်ခြံမြေ အကျိုးဆောင် နှင့် ပွဲစားရုံးများကို အမေရိကန်နိုင်ငံတစ်ဝန်းလုံး ၌ လည်းကောင်း၊ ကနေဒါနိုင်ငံအနှံအပြား၌လည်းကောင်း တည် ထောင်ထားသည်။ ယင်းအမည်ဖြင့် အဆင့်မြင့်ဝန်ဆောင်မှုတစ် ရပ်ဖြင့် အိမ်ခြံမြေ အရောင်း၊ အ၀ယ်လုပ်ငန်းများ ဆောင်ရွက်ပေး သည်။ ဖရန်ချိုက်လုပ်ငန်းများ - လူအများအတွက် အမျိုးမျိုး သော အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းများ ဆောင်ရွက်ပေး သော ဖရန်ချိုက်ရုံးခန်းများဖြင့် ၀န်ဆောင်မှုပေးသည်။ Satellite ရုံးခန်းများ အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ငန်းများဆောင်ရွက် ရန် ရုံးခန်များဖွင့်လှစ်၍ အိမ်ခြံမြေအကျိုးဆောင်(Agent)များ အတွက် ရုံးခန်းများ၊ အသုံးပြုရန် နေရာများ စီစဉ်ဆောင်ရွက်ပေး ထားသည်။ (Agent) လိုင်စင်နှင့် လုပ်ငန်းအပေါ် RE/MAX က အာမခံပေးသည်။ အရည်အသွေးနှင့် အကျင့်စာရိတ္တများ ကိုပါ အာမခံပေးသည်။ ရုံးခန်းများ စီစဉ်ပေးသည်။ လိုအပ်သော ရုံးသုံးပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများ စီစဉ်ပေးသည်။ ငွေကြေးအထောက်အကူပြုသူများ - RE/MAX က ဖရန်ချိုက်ဆီများအတွက် တစ်နှစ်စာ ဖရန်ချိုက် အခကြေးငွေကို ထောက်ပံ့သည်။ တစ်နှစ်ပျမ်းမျှနှုန်း အတိုးနှုန်း၂ ရာခိုင်နှုန်းကျော် ပေးရသည်။ ဖရန်ချိုက် သဘောတူစာချုပ်လက်မှတ်ရေးထိုးချိန် ၌ လက်ငင်းငွေ ၅၀ ရာခိုင်နှုန်းပေးသွင်းရသည်။ (၂၄)လပြန်သွင်း ရသည်။ အတိုးပါ ပါဝင်သည်။ ယင်းကိစ္စမှလွဲ၍ အခြားငွေကြေး ထောက်ပံ့မှုမပေးပါ။ လုပ်ငန်းအတွက် အတိုးဖြင့် ငွေထုတ်ချေး ထားခြင်းဖြစ်သည်။ သင်တန်းများနှင့်လေ့ကျင့်ပေးမှုများ အထောက်အပံ့ များ- အချို့ကိစ္စရပ်များမှလွဲ၍ ဖရန်ချိုက်ဆီများ အားပိုင်နက် နယ်နိမိတ်သတ်မှတ်၍ ပေးမထားပါ။ ဖရန်ချိုက်သက်တမ်းတိုးရ ပါသည်။ ဖရန်ချိုက်ဆီများသည် RE/MAX က သတ်မှတ်ထား သော ရုံခန်းများကို အခမဲ့သုံးခွင့်ရရှိပါသည်။ သင်တန်းများလည်း ဖွင့်လှစ်ပေးပါသည်။ အခမဲ့သင်တန်းများ ပေးပါသည်။ ရုံးခန်များ အသုံးမပြုမီ သင်တန်းများအောင်မြင်စွာ တတ်ရောက်ရပါသည်။ နယ်နိမိတ်သတ်မှတ်ချက် RE/MAX အမှတ်တံဆိပ်ကို ထိန်း သိမ်းရပါသည်။ သဘောတူညီမှုများနှင့် သက်တမ်းတိုးခြင်း - တရားဝင်သက်တမ်းရှိသော အကျိုးဆောင်လိုင်စင်အရ သက်တမ်းရှိ သည်။ လုပ်ငန်းလိုင်စင်ဖြင့် တရားဝင်၍ သက်တမ်းတိုးခွင့်ရှိ သည်။

လုပ်ငန်းများ - လုပ်ငန်းခွဲပေါင်း (Unit) ၆၃၀၀ကျော် ရှိသည်။ ကနဦး မတည်ရင်းနှီးမှု - အနည်းဆုံးအမေရိကန် ဒေါ်လာ ၄၀၀၀၀ မှ ၂၄၄၀၀၀ အထိ ဖြစ်သည်။ ဖရန်ချိုက်လုပ်ငန်း ပြန်လည်ရောင်းချခြင်း - ဖရန်ချိုက် လုပ်ငန်းများ တိုးတတ်ဖွင့်ဖြိုးလာရာ၌ လုပ်ငန်းခွဲများကို ဖရန် ချိုက်ဆီများက ပြန်လည်ရောင်းချခြင်းများလည်း ပြုလုပ်လာကြ သည်။ သေချာစွာ လုပ်ကိုင်လည်ပတ်နိုင်ပါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါသည်။

အိမ်ခြံမြေဖရန်ချိုက်လက်တွေ့ဆောင်ရွက်ခြင်း အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကို ဖရန်ချိုက်စနစ်ဖြင့် လုပ်ကိုင်ခြင်းကို လက်ရှိလုပ်ငန်းလုပ်ကိုင်နေကြသောကုမ္ပဏီ များ ပုဂ္ဂလိကစုပေါင်းဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အိမ်ခြံမြေလုပ်ကိုင်နေကြသူများဟာ မိမိလုပ်ငန်းကို ပြည်တွင်းပြည်ပကျယ် ကျယ်ပြန့်ပြန့်လုပ်ကိုင်ဖို့ ဖရန်ချိုက်ပုံစံကိုပြောင်းလဲလုပ်ကိုင်နိုင် ကြပါသည်။ အိမ်ခြံမြေဖရန်ချိုက်ပုံစံဖြင့် လုပ်ကိုင်မည်ဆိုလျှင် ကနဦးလုပ်ငန်းတည်ထောင်သူ (Franchisor) ကစတင် စဉ်းစား လုပ်ကိုင်ရမည့်အချက်များကတော့ အိမ်ခြံမြေလုပ်ကိုင်မည့် လုပ် ငန်းအမည်၊ ကုန်အမှတ်တံဆိပ်တို့ကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ကုန်အမှတ်တံဆိပ်အမည် မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်ဖြစ်ပါသည်။ အိမ်ခြံမြေဖရန်ချိုက်လုပ်ငန်း လုပ်နည်း ကိုင်နည်းစနစ်တစ်ခုကို ရေးဆွဲချမှတ်ရမှာဖြစ်ပါသည်။ ဖရန်ချိုက် လုပ်ငန်းတည်ထောင်သူရဲ့တာဝန်များကို သတ်မှတ်ရပါမည်။လုပ်ငန်းခံယူလုပ်ကိုင်မည့်သူ (Franchisee)၏တာဝန်များ၊ လုပ်ငန်း နှင့်သက်ဆိုင်သော ကုန်အမှတ်တံဆိပ်၊ အမည်၊ လုပ်ထုံးလုပ်နည်း စနစ်များ အသုံးခွင့်ပြုပေးခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာများ၊ လုပ်ငန်း ခံယူလုပ်ကိုင်မည့်သူများ လုပ်ငန်းလုပ်ကိုင်နိုင်ရန် သင်တန်းပေး ခြင်း၊ လုပ်ကိုင်ပုံနည်းစနစ် လက်စွဲများပေးခြင်း၊ လုပ်ငန်းလုပ်ကိုင် နိုင်ရန် အသုံးအဆောင်ပစ်္စည်းများ စီစဉ်ပေးခြင်း၊ လုပ်ငန်းခံယူ လုပ်ကိုင်သူတို့ လိုက်နာရမည့်တာဝန်၊ စည်းကမ်း၊ လျှို့ဝှက်မှု ထိန်းသိမ်းမှုများ ချမှတ်ရမည်ဖြစ်ပါသည်။ လုပ်ငန်းခံယူလုပ်ကိုင် သူကို လုပ်ပိုင်ခွင့်နယ်မြေ ကန့်သတ်မှုများကိုပါ ထည့်သွင်းစဉ်းစား ရပါမည်။ ဖရန်ချိုက်လုပ်ငန်းတစ်ခု၏ အရေးကြီးဆုံးအပိုင်း တစ်ခုသည် ငွေကြေးအကျိုးအမြတ်ခွဲဝေမှုပုံစံ ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်ထွန်းစေရန် မျှတသော အကျိုး အမြတ်ခွဲ ဝေမှုပုံစံဖြစ်မှသာ အောင်မြင်မှုရနိုင်ပါသည်။ တစ်ဖက် သတ်မျှတမှုမရှိသော အကျိုးအမြတ်ခွဲဝေမှုပုံစံသည် ရေရှည် ရပ်တည်နိုင်မည်မဟုတ်ပါ။ အကျိုးအမြတ်ခွဲဝေမှုပုံစံသည် ပစ္စည်းများ ထုတ်လုပ်ဖြန့်ချိသော Coca-Cola,Toyota စသည် များ၏ အကျိုးအမြတ် ခွဲဝေမှုပုံစံများနှင့် စီးပွားရေးပုံစံဖရန်ချိုက် ဥပမာ --fast-food, services, restaurants, construction, matainance စသည့် လုပ်ငန်ပုံစံများ တူညီမည်မဟုတ်ပါ။ ပုံသေအကျိုးအမြတ်ခွဲဝေ မှုပုံစံမရှိပါ။ လုပ်ငန်းအကျိုးအမြတ် အပေါ်၌သာ ခွဲဝေသည်ကို တွေ့ရပါသည်။ အိမ်ခြံမြေဖရန်ချိုက်လုပ်ငန်း၌ လုပ်ငန်းတည်ထောင် လုပ်ကိုင်သူ (Franshisor)နှင့် လုပ်ငန်းခံယူလုပ်ကိုင်သူ (Fran-chisee) တို့အကြား ပွဲခရှိငွေ (Comission) အပေါ်၌ ယေဘုယျ အားဖြင့် အောက်ပါအတိုင်း ခွဲဝေကြသည်။

ပွဲခကော်မရှင်ဝေစုအပေါ် ခွဲဝေခံစားပုံ

လုပ်ငန်းတည်ထောင်လုပ်ကိုင်သူသည် မိမိဝေစုအား လုံးအပေါ်၌ အကျိုးအမြတ်အားလုံးကိုရယူခြင်းမပြုဘဲ လုပ်ငန်း အဆင့်ဆင့်ကြီးကြပ်မှုတာဝန်များခွဲဝေမှု အုပ်စုအလိုက်အကျိုး ခံစားခွင့်များဖြင့် မက်လုံးပေးထားကြပါသည်။ လုပ်ငန်းတည် ထောင်သူသည် ယေဘုယျအားဖြင့် ကော်မရှင်ပွဲခရငွေအပေါ် ၌ (၁၀ ရာခိုင်နှုန်း) ခန့်သာ ရယူပြီး ကျန်ငွေများကို အဆင့်ဆင့် ဒါရိုက်တာများ၊ မန်နေဂျာများ၊ အရောင်းမန်နေဂျာများကို အုပ်စုအလိုက်ခွဲဝေ သတ်မှတ်ပါသည်။ ရောင်းအားအပေါ်တွင် လစဉ်၊ နှစ်စဉ် ထူးချွန်သူများ ရွေးချယ်၍ အထူးခံစားခွင့်ဆုကြေးများ လည်း ပေးထားပါသည်။ နေအိမ်သတင်းစာများ၌ ထူးချွန်သူများ စာရင်း ဖော်ပြ၍ ကြော်ငြာပေးပါသည်။

အိမ်ခြံမြေ ဖရန်ချိုက်လုပ်ငန်း၌ လုပ်ငန်းတည်ထောင် ပြီးနောက် လုပ်ငန်ခံယူလုပ်ကိုင်သူများကိုလုပ်ငန်း ပူးပေါင်း လုပ်ကိုင်ခြင်းစာချုပ် ချုပ်ဆို၍ခန့်ထားပါသည်။ စာချုပ်ချုပ်ဆို ပြီး ခန့်စာထုတ်ပေးပါသည်။ ယင်းသို့ လုပ်ငန်းခန့်အပ်ခြင်းခံရ သော လုပ်ငန်းခွဲဝေလုပ်ကိုင်သူသည် အိမ်ခြံမြေစီးပွားရေး လုပ်ငန်းကို မိမိဘာသာသီးခြားလုပ် ကိုင်ခွင့်မရှိတော့ပါ။ မိမိ ဘာသာလုပ်ကိုင်ခြင်း၊ အခြားအိမ်ခြံမြေလုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းကို ခွင့်မပြုကြောင်း စာချုပ်၌ အတိအလင်း ဖော်ပြထားကြပါသည်။ လုပ်ငန်းတည်ထောင်သူကလည်း လုပ်ငန်း အတွက် လိုအပ်သော အထောက်အပံ့ပစ္စည်းများ စီစဉ်ပေးရ ပါသည်။ ဥပမာ-လိုအပ်သောလုပ်ငန်းသုံးပုံစံများ၊ စာချုပ်ပုံစံ များ ရုံးခန်း သို့မဟုတ် ရုံးလုပ်ငန်းလုပ်ကိုင်နိုင်စေရန် ပစ္စည်းများ၊ အိမ်ခြံမြေ စာရင်းဇယားများ၊အကြံအညဏ်များ၊ ဥပဒေရေးရာ တိုင်ပင်မှုများ၊ လုပ်ငန်းအခက်အခဲများ၊ လုပ်ငန်းအဆင်ပြေချော မွေ့စေရန် ဆက်စပ်လုပ်ငန်းများကို စီစဉ်ပေးထားပါသည်။အချုပ် အားဖြင့် အိမ်ခြံမြေလုပ်ငန်းခံယူလုပ်ကိုင်သူအတွက် လုပ်ငန်း ထိရောက်စေရန် ပစ္စည်းကိရိယာ၊ နည်းပညာ၊ လုပ်နည်းကိုင် နည်း၊ စာချုပ်စာတမ်း လိုအပ်မှုအ၀၀ကို ပံ့ပိုးထားပါသည်။ လုပ်ငန်းခံယူလုပ်ကိုင်သူသည် လုပ်ငန်းအမည်၊ ကုန်အမှတ် တံဆိပ်၊ နည်းစနစ်များမှအစစ အသုံးပြုခွင့်ရပါသည်။ ပြဿနာ ဖြစ်ပေါ်လာပါက ဖြေရှင်းပေးပါသည်။ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့် စာချုပ်ပါ သဘောတူညီချက်အပေါ် လိုက်နာ၍ လက်တင်ဆောင်ရွက်သွားနိုင်စေရန် ဖန်တီးပေးထားပါသည်။လုပ်ငန်ဆောင်ရွက်ရာတွင် သွားလာစရိတ်ငွေများ မိမိဘာသာ ကျခံရပါသည်။ လုပ်ငန်းခံယူလုပ်ကိုင်သူ၏ ပုဂ်္ဂိုလ်ရေးဆိုင်ရာ အသုံးစရိတ်များ၊ မိမိ၏ လိပ်စာကတ်ပြား၊ အီးမေး၊ တဲလက် ဆက်သွယ်မှု အသုံးစရိတ်များ၊ စာဖြင့်ရေးသားသဘောတူထား ချက်များမှအပ အခြားလုပ်ငန်းစရိတ်များကို ကျခံကြရပါသည်။ စာချုပ်ဖောက်ဖျက်ပါက အရေးယူမှုများ၊ စာချုပ် သက်တမ်းကာလ သတ်မှတ်ချက်၊ လုပ်ငန်းရပ်စဲမှု၊ အငြင်းပွားမှု ဖြေရှင်းခြင်း စသည်များ ဖရန်ချိုက်လုပ်ငန်းစာချုပ်တွင် ဖော်ပြ ထားကြပါသည်။

အိမ်ခြံမြေဖရန်ချိုက်လုပ်ငန်း မြန်မာနိုင်ငံတွင် မလွဲမသွေ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အိမ်ခြံမြေဖရန်ချိုက်စနစ် အောင်မြင်နိုင်ရန် အောက်ပါအခြေ အနေများ ပြုပြင်ဖန်တီးရန် လိုအပ်ပါသည်။

၁။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြုပြင်မှုများ အတ္တဟိတနှင့် ပရဟိတမျှတစွာ အကျိုးခံစားစိတ်များ ရှိရန်။ အိမ်ခြံမြေလောက၌ ယနေ့ဖြစ်ပေါ်နေသော ကျော် ခြင်း၊ ခွခြင်း၊ နင်းချေခြင်း(ပွဲဖျက်)များနှင့် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှု ရှောင်ရှားရန်လိုပါသည်။

၂။ ပတ်ဝန်းကျင်ကောင်းများ ငွေကြေးဘဏ်စနစ်များ တိုးတက် ဖွံ့ဖြိုးလာစေရန်၊

အာမခံစနစ်များ ဖွံ့ဖြိုးလာစေရန်၊ အခြားပတ်ဝန်းကျင် ပြုပြင်မှုများ လိုအပ်ပါသည်။

၃။ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ အိမ်ခြံမြေနှင့် ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေများ ခေတ်နှင့်အညီ ပြဋ္ဌာန်းရန်၊

အိမ်ခြံမြေလုပ်ငန်းများ တရားမျှတစွာ တိုးတက်ဖွံ့ဖြိုး စေမည့် ဥပဒေများရေးဆွဲရန်၊ အဟန့်အတားဖြစ်နေသော ဥပဒေများဖျက်သိမ်းရန်၊

မြန်မာ့အိမ်ခြံမြေလုပ်ငန်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး အောင်မြင်နိုင်ရေးသည် အောက်ပါအချက်များ ပြုပြင်ရန် လိုအပ်မည်ဟု ယူဆပါသည်။ (၁) တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ကိုင်တတ်သော အလေ့အကျင့်မှ အများစုပေါင်း၍ အဖွဲ့အစည်းပုံ သဏ္ဌာန်ဖြင့် လုပ်ကိုင်နိုင်သော အခြေခံစိတ်ဓာတ်ကောင်းများ ပြုပြင်ရန်လိုအပ်ပါမည်။ စီးပွားရေးလုပ်ငန်းစပ်တူ လုပ်ကြရာတွင် မောင်နှမချင်း ၊သားအမိချင်း၊ သူငယ်ချင်းချင်း စိတ်ဝမ်းကွဲ ၍ ပျက်စီးမှုများဖြင့်သာ ကြုံတွေ့ရတတ်ပါသည်။အတ်္တလွန်ကဲ မှုကြောင့်ဖြစ်ပေါ်လာရပါသည်။ အများနှင့်စုပေါင်း စီးပွားရေး လုပ်ငန်းတွင် အတ္တဟိတ မိမိအကျိုး၊ ပရဟိတ အများအကျိုးကို တရားမျှတစွာ ဆောင်ရွက်တတ်သော အလေ့အကျင့်များ လိုအပ်နေပါသည်။ (၂) ပတ်ဝန်းကျင်အခြေခံလိုအပ်ချက်များ- ဘဏ်စနစ်များ အားမကောင်းသေးခြင်း၊ ဘဏ်စနစ်များအပေါ် ယုံကြည်အားထားမှုနည်းခြင်း၊ ဘဏ်စနစ်၏ အကျိုးကျေးဇူးများ ကိုကောင်းစွာ အသုံးမချနိုင်ခြင်းတို့ကြောင့် အိမ်ခြံမြေလုပ်ငန်း များ မဖွံ့ဖြိုးနိုင်ဖြစ်နေပါသည်။ အာမခံလုပ်ငန်းများ အားမကောင်းသေးခြင်း၊ အာမခံစနစ်များအပေါ် ယုံကြည်အားထားမှုနည်းခြင်း၊ အာမခံစနစ် အကျိုးကျေးဇူးများကို ကောင်းစွာအသုံးမချနိုင်ခြင်းတို့ကြောင့် အိမ်ခြံမြေလုပ်ငန်းများ မဖွံ့ဖြိုးနိုင်ဖြစ်နေပါသည်။ ပုံမှန်ဝင်ငွေ အာမခံချက်များမရှိခြင်းကြောင့် နှစ်ရှည် ဘဏ်ချေးငွေဖြင့် အငှားဝယ်စနစ်များ မဖွံ့ဖြိုးနိုင်ဖြစ်နေပါသည်။ (၃) တရားမ၀င်ငွေကြေး လက်ဝယ်ရှိသူများက အိမ် ခြံမြေလောကတွင် ၀င်ရောက်အကျိုးအမြတ်ထုတ်နေခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မတည်ငြိမ်မှုဖြစ်နေပါသည်။ (၄) အိမ်ခြံမြေလုပ်ငန်းအတွက် ဥပဒေများ၊ နည်းဥပဒေ များ ပြဋ္ဌာန်းပေးရန် လိုအပ်ခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်းမဖွံ့ ဖြိုးနိုင်ဖြစ်နေပါသည်။ (၅) အိမ်ခြံမြေလုပ်ငန်း၌ လိမ်လည်မှုများ၊ အလွဲသုံး စားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်မှု အလွန်အားနည်းနေပါသည်။ (၆) တရားရုံးများကလည်း တရားမဲ့ပြုကျင့်မှုများ၊ မတရား ပြုလုပ်မှုများအပေါ်၌ ထိရောက်စွာ အကာအကွယ်ပေး နိုင်မှုအားနည်းနေပါသည်။

 

ဦးမောင်မောင်ဝင်း (ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေချုပ်) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Ponnami Estate
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service