ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၏ အောက်တိုဘာလနှင့် နိုဝင်ဘာလနှစ်လတာအတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် နှစ်ဘီလျံကျော်ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ သိရသည်။
၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုမှ ကျပ်ငွေ ၄၂၁၈၉ သန်း၊ နိုဝင်ဘာလတွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁၈ ခုမှ ကျပ်ငွေ ၂၂၄၄၃၂ သန်း မြှုပ်နှံခဲ့ကြောင်းသိရသည်။ ၎င်းနှစ်လတာကာလအတွင်း ကဏ္ဍအလိုက် ဝင်ရောက်သည့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများမှာ စက်မှုကဏ္ဍမှာလုပ်ငန်း ၁၃ ခုဝင်ရောက်ခဲ့ပြီး ကျပ်ငွေ ၁၇၉ ဘီလျံနှင့်အခြား ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းဆယ်ခုမှ ကျပ်ငွေ ဘီလျံ ၄ဝ ကျော်ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို့ပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လုပ်ငန်းရှစ်ခုရင်းနှီးမြှုပ်နှံခဲ့ပြီး ကျပ်ငွေပမာဏ ၂၂ ဘီလျံရရှိသည်။ သတ္တုတူးဖော်ရေး ကဏ္ဍမှာလည်း လုပ်ငန်းသုံးခုမှ ကျပ်ငွေ ၁၆ ဘီလျံရင်းနှီးမြှုပ်နှံခဲ့ပြီးလျှပ်စစ်ဓာတ်အားကဏ္ဍတွင်လည်း လုပ်ငန်း ၁ ခုမှ ကျပ်ငွေ ၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်းစာရင်းများအရ သိရသည်။အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင်လည်း လုပ်ငန်း ၁ ခုမှကျပ်ငွေ ၂ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စာရင်းများအရသိရသည်။ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် ကျပ်ငွေ ဘီလျံ ၁၈ဝဝ ကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ခဲ့ကြသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com