ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူလုပ်ငန်းလိုင်စင်လျှောက်ထားသူများအနက် ဆောက်လုပ်ရေးလုပ်ငန်း ၁၂ခု အထိ လုပ်ငန်းလိုင်စင်ချထားပေးပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အဆိုပါစုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူလုပ်ငန်း လိုင်စင်လျှောက်ထားသူပေါင်း လေးဆယ်ကျော်ခန့်ရှိပြီး ယင်းအနက်မှ ၁၂ ခုအားခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယင်း လိုင်စင်အား အမှန်တကယ်တည်ဆောက်ရောင်းချသူများသာ လျှောက်နိုင်ခြေရှိကြောင်း ၊ လိုင်စင်လျှောက်ထားပါက သိန်းတစ်ရာဝန်းကျင်တင်ပြရမည်ဖြစ်ခြင်းကြောင့် ယခင်ကန်ထရိုက်လိုင်စင်ကဲ့သို့များပြားလိမ့်မည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါဆောက်လုပ်ရေးလုပ်ငန်း ၁၂ ခုကို ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၁၉)မှ အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူလုပ်ငန်းလိုင်စင်ရရှိထားသောလုပ်ငန်းများမှာ ရွှေတောင်ဖွံဇြိုးတိုးတက်ရေးကုမ္ပဏီ ၊ စေပိုင်ဖွံဇြိုးတိုးတက်ရေးကုမ္ပဏီ ၊ တက်လမ်းကုမ္ပဏီ ၊ ဒဂုန်အင်တာနယ်ရှင်နယ် ကုမ္ပဏီ၊ ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေး၊ Myanmar Imperial Vega Co., ltd ၊ One One One Co., ltd ၊ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ၊ Nation Light Co., ltd၊Mandalay Golden Wings Construction ltd ၊Living Square Construction Co., ltd ၊ နေကမ္ဘာမြန်မာဆောက်လုပ်ရေး ကုမ္ပဏီ တို့ဖြစ်ကြောင်းသိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com