ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်မြို့ ခေတ္တရာမြို့တော် ခန်းမတွင် ဇန်နဝါရီ ၂၆ ရက်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်၏ မြေယာခွန်ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည် မြေယာခွန်ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့အသံ ကြားနာ သည့် ဆွေးနွေးပွဲဖြစ်ပြီး ခေတ်နှင့် လျော်ညီသော အခွန်နှုန်းများဖြစ် ရန်၊ မြေယာခွန်ဥပဒေနှင့်အညီ တိုင်းဒေသကြီးအတွက် ရသင့် ရထိုက်သော အခွန်ရရန်နှင့် ယင်း အခွန်ငွေများဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ဆွေးနွေးခြင်းဖြစ်သည်။
‘‘ ဆွေးနွေးပွဲရဲ့ အကြံပြုချက် တွေကို မှတ်တမ်းတင်ထားမယ်။ ကော်မတီကနေ ပြန်လည်သုံးသပ် ဆွေးနွေးပြီး အနီးစပ်ဆုံး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဥပဒေပြင်ဆင်ချက်အဆိုတွေကို တင်သွင်းမယ်။ ပြည်သူ့ဆန္ဒနဲ့အညီဖြစ် တဲ့ ဥပဒေကောင်းတစ်ရပ် ပေါ် ထွန်းပြီး အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ပါ ’’ဟု တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီမှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရဲလင်းနိုင်က ဆိုသည်။
ယခင်က မြေယာခွန် ကောက်ခံရာတွင် လယ်မြေ၊ ယာ မြေ၊ ဥယျာဉ်ခြံမြေ၊ ကိုင်း/ကျွန်း မြေ၊ ဓနိမြေ၊ တောင်ယာမြေ၊ ကြက်ပေါင်စေးမြေဟု မြေအတန်း အစားအလိုက် တစ်ဧကလျှင်အများဆုံး ၂၂ ကျပ်သာ ရှိသော် လည်း ယခု မြေယာခွန်ဥပဒေ မူကြမ်း၌ တစ်ဧကလျှင် အများဆုံး ကျပ် ၃,၀၀၀ ရှိကြောင်း ဆွေး နွေးပွဲတက်ရောက်လာသူ ပြည် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဆွေးနွေးပွဲတွင် လယ်ယာ မြေပုံစံ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး မြေစာရင်းဌာနက ပူး ပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များ၊ ဖြစ်သင့်သည့် အခွန်နှုန်း ထားများကို အကြံပြုခြင်းနှင့် မြေယာပိုင်ဆိုင်သူများက တိကျစွာ အခွန်ဆောင်ရန် အဓိကထား ဆွေးနွေးခဲ့သည်။
Credit: 7Daydaily