ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် ၎င်းတို့၏မိသားစုများ နေထိုင်ရေး စီစဉ်ဆောင်ရွက် နေသည့် နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံကိန်းတွင် ၁၅ ပေ၊ ပေ ၃၀ အခန်းများတည်ဆောက်ရန် အကွက်ရိုက်ပြီးကြောင်း ယင်းအိမ်ရာစီမံကိန်းဘဏ္ဍာရေးအဖွဲ့ဝင် ဦးသက်ဦး(တာမွေ)က ပြော သည်။
နေထိုင်ရန် အခက်အခဲရှိ သော နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံကိန်းကို တိုက်ကြီးမြို့နယ် အုန်းနှဲပင်ကျေးရွာရှိ မြေသုံးဧက အတွင်း ဆောက်လုပ်နေပြီး ရေရရှိရေး စီစဉ်ဆောင်ရွက်နေသည်။
‘‘နိုင်ငံရေး အကျဉ်းသားဟောင်းများ နေထိုင်နိုင်ရေး နှစ်ခန်းတွဲ၊ သုံးခန်းတွဲအကွက်ငါး ကွက်ရိုက်ထားပြီးပြီ။ ကျွန်တော်တို့ က အနောက်ကမြေကိုပိုယူထား ပြီးတော့ မိသားစုတစ်စုကို အိမ်သာရေချိုးခန်းသုံးလို့ရမယ့်အခန်း ဆောက်လုပ်မယ်’’ဟု ဦးသက်ဦး (တာမွေ)က ပြောသည်။
အဆိုပါငါးကွက်တွင် လုံးချင်းအိမ်ရာ ဆောက်လုပ်ပြီးစီးပါ က နောက်ထပ်အကွက်များ ရိုက်ကာ ဆက်လက်တည်ဆောက်မည် ဖြစ်ကြောင်း၎င်းကရှင်းပြသည်။
နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာဆောက်လုပ်ရန် အရေးကြီးဆုံး အချက်သည် ရန်ပုံငွေလိုအပ်နေ ပြီး လက်ရှိတွင် ပြည်ပရောက်နိုင်ငံရေးသမားများနှင့် ပြည်တွင်းရှိနိုင်ငံ ရေးသမားများထံမှ လှူဒါန်းငွေကျပ် သိန်း ၂၀၀ သာရရှိထားသည်။
နိုင်ကျဉ်းတို့နားခိုရာ အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ဘဏ်အကောင့် 0573 0204 2014 9380 1 (KBZ) နှင့် ဖုန်း ၀၉-၇၈၇၂၁၇၉၃၂၊ ၀၉- ၇၈၅၀၀၂၁၀၂ နှင့် ၀၉-၅၀၂၈၃၀၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဘဏ္ဍာရေးကော်မတီကထုတ်ပြန်သည်။
Credit: 7Daydaily