ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
၂၀၁၇ နှင့် ၂၀၁၈ နှစ်ကုန်ကာလအပိုင်းအခြားချင်းနှိုင်းယှဉ်ပါက ၂၀၁၈ နှစ်ကုန်ပိုင်းတွင်အိမ်ခြံမြေအရောင်းအဝယ်သည် ၁၅ ရာခိုင်နှုန်းဝန်းကျင်ထိတိုးတက်လာခဲ့ကြောင်း အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။
'' ဝါကျွတ်ကာလနောက်ပိုင်းမှာတော့မြန်မာကျပ်ငွေကဒေါ်လာနဲ့ ယှဉ်ရင်၂၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားတာကိုတွေ့ရတယ် အဲ့ဒါကြောင့်အများပြည်သူတွေကဘဏ်ထဲမှာစုဆောင်းထားတဲ့ငွေတွေကိုပြန်ထုတ်ပြီးအိမ်ခြံမြေဘက်မှာပြန်ထည့်ပြီးရင်းနှီးမြုပ်နှံမှုတွေပြန်လုပ်ကြတာတွေဝယ်ယူမှုတွေလုပ်တာတွေ တွေ့ရတယ် ၂၀၁၈ ကုန်ပိုင်းမှာအိမ်ခြံမြေဈေးကွက်မှာလှုပ်လှုပ်ရှားရှားလေးဖြစ်သွားတာတွေ့ရတယ်၂၀၁၇နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းအိမ်ခြံမြေအရောင်းအဝယ်အခြေအနေ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိတိုးတက်လာတာကိုတွေ့ရတယ် ''ဟု ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ကိုင်နေသူကသုံးသပ်ပြောဆိုသည်။
ယခုနှစ်တွင်လည်းကွန်ဒိုမီနီယံဥပဒေအားထည်ထည်ဝင့်ဝင့်အသုံးပြုနိုင်မည်ဖြစ်၍ အိမ်ခြံမြေဈေးကွက်မှာကောင်းမွန်လာမည်ဟုခန့်မှန်းထားကြသည်။ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကောင်းမွန်လာရန်အတွက် ပြည်တွင်းစီးပွားရေးကောင်းမွန်ရန်နှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများပိုမိုဝင်ရောက်ရန်လိုအပ်ကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com