ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် ကျပ်သိန်းတစ်ထောင်အောက်မြေကွက်များ အရောင်းအဝယ် ပြန်လည်ဖြစ်ပေါ်နေပြီး ဒဂုံလေးမြို့နယ်အတွင်းအဖြစ်များနေကြောင်း ဒဂုံလေးမြို့နယ်အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်တချို့ထံမှ သိရသည်။
"အများဆုံးကတော့ ဒဂုံလေးမြို့နယ်ဘက်ကို လူပိုကြိုက်ကြတယ်၊ အဲ့ဒီဘက်မှာက မြေကွက်လည်းကျယ်တယ်၊ လူတိုင်းနီးပါးကလဲ ဝန်ထမ်းမိသာစုတွေများတော့ လူဦးရေအရမ်းများကြီးမရှိနေဘူး၊ အေးအေးဆေးဆေး ဝယ်နေချင်သူတွေကြိုက်ကြတယ်''ဟု မြောက်ဒဂုံအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
လက်ရှိဈေးကွက်တွင် ပေ (၄၀x၆၀)မြေကွက်များ နှင့် ပေ(၂၀x၆၀)မြေကွက်များ အဓိကဝယ်ယူမှုရှိနေပြီး အများစုမှာ မြေကွက်ဝယ်ယူမှုကို ပိုစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ဒဂုံလေးမြို့နယ်တွင် ဒဂုံမြောက်ပိုင်း နှင့် ဒဂုံအရှေ့ပိုင်းကို လူပိုစိတ်ဝင်စားလျက်ရှိပြီးအရောင်းအဝယ်သမားများထက် ကိုယ်တိုင်လာရောက်နေထိုင်ရန် ဝယ်ယူသူများလျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းများမှာ ကျပ်သိန်းတစ်ရာကျော် ဝန်းကျင်မှ တစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်းများမှာ နေရာပေါ်မူတည်ကွာခြားပြီး အများစုမှာ လမ်းမတန်းနှင့်နီးသည့် နေရာများမှ မြေကွက်များကို လူကြိုက်များလျက်ရှိကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com