ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင်

ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 10:40 am တွင် တင်ခဲ့သည်
3010 ကြိမ် ကြည့်ရှု့ပြီး

အကြွေးဝယ်ကတ် (ခရက်ဒစ်ကတ်) များသည် အာမခံပစ္စည်းမဲ့ ချေးငွေအမျိုး အစားဖြစ်သည့်အတွက် တစ်နှစ်စာအတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် ဘဏ်များက ပြင်ဆင်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် လစဉ်ပုံမှန်ဝင်ငွေရှိသူ တစ်ယောက်အနေနှင့် ခရက်ဒစ်ကတ်ကို လျှောက်ထားနိုင်ကာ အဆိုပါကတ်ဖြင့် ပစ္စည်းဝယ်နိုင်သကဲ့သို့ ငွေသားလည်း ထုတ်ယူသုံးစွဲနိုင်ကြောင်း၊ ခရက်ဒစ်ကတ် ကိုင်ဆောင်သူသည် ချေးငွေကို ၄၅ ရက် အတွင်း ပြန်လည်ဆပ်နိုင်ပါက အတိုးပေးစရာမလိုကြောင်း၊ သို့သော် သတ်မှတ်ရက်ကျော်မှ ပြန်လည်ဆပ်မည်ဆိုပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း ဘဏ်များထံမှ သိရသည်။

“ တကယ်တော့ ၂၀ ရာခိုင်နှုန်းလောက်မှကို ဒီကအခြေအနေနဲ့ကိုက်တာ။ ချေးငွေက ပြန်မဆပ်နိုင်ရင် ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေပမာဏ များတယ်။ ဗဟိုဘဏ်က အတိုးနှုန်းဘောင်ကို ဒီလိုမျိုးဖြေလျှော့ပေးလိုက်တော့ ဘဏ်တွေအတွက် လုပ်သာကိုင်သာ ရှိပါတယ်။ အတိုးနှုန်းကတော့ တစ်ဘဏ်နဲ့ တစ်ဘဏ် မတူနိုင်ပါဘူး ”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အာမခံပစ္စည်းမဲ့ချေးငွေများအပေါ်တွင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ လုပ်ဆောင်နိုင်စေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အာမခံပစ္စည်းများအပေါ် မှီခို၍ ငွေချေးခြင်းသည် ယင်းပစ္စည်းများ၏ ဈေးကွက်ပျက်ပါက ဘဏ်များတွင် ရိုက်ခတ်မှုရှိပြီး ငွေကြေးများဆုံးရှုံးနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များလည်း ဝင်လာသည့်အတွက် ပြည်တွင်းဘဏ်များ ချေးငွေဈေးကွက် ကျယ်ပြန့်လာစေရန်ရည်ရွယ်၍ အာမခံပစ္စည်းမဲ့ ငွေချေးခြင်းကို ခွင့်ပြုခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ခရက်ဒစ်ကတ်ဖြင့် ပစ္စည်းဝယ်ယူသည့်အခါ ပေးရသည့်အတိုးနှုန်းမှာ သက်သာပြီး ငွေသားထုတ်ယူသုံးစွဲလျှင် ပေးရသည့်အတိုးနှုန်းမှာ ပို၍များပြားကြောင်း၊ လက်ရှိအတိုးနှုန်းပေါ်တွင် ပို၍အတိုးနှုန်း တက်မည်ဆိုပါက သုံးစွဲသူများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်း ကုမ္ပဏီဝန်ထမ်း ဦးသီဟက ပြောကြားသည်။

“အတိုးနှုန်းက ပုံမှန်လည်းများတယ်။ ကတ်ကနေ ငွေများများချေးရတဲ့သူတွေက ဝင်ငွေကောင်းတဲ့သူတွေပဲရတာပါ။ နောက်ကျကြေးတွေလည်း များတယ်။ အတိုးနှုန်းလည်းများတယ်ဆိုရင် သုံးတဲ့ သူတွေနည်းသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အကြွေးဝယ်ကတ်များသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ ပြည်တွင်း၌ပေါ်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူအရေအတွက်မှာ တစ်သန်းပင် မပြည့်သေးကြောင်း Myanmar Payment Union (MPU) ၏ စာရင်းများအရ သိရသည်။

Credit:   The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Ponnami Estate
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service