အိမ်ရာလိုအပ်ချက်အတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဧရာချမ်းသာကွန်ဒို

အိမ်ရာလိုအပ်ချက်အတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဧရာချမ်းသာကွန်ဒို - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 12:35 pm တွင် တင်ခဲ့သည်
1272 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့မှာ အစိုးရနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ တွေက တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်(အဆင့်မြင့်)အိမ်ရာတွေကို အကောင်အထည်ဖော်နေကြပေမဲ့ ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေအချိုးအရ အိမ်ရာလိုအပ်ချက်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ကွန်ဒိုတိုက်ခန်းတွေအတွက် အရေးပါတဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတွေလည်း ထွက်ရှိခဲ့တဲ့အတွက် ဈေးကွက် ဝယ်လိုအား ပိုမိုကောင်းမွန်လာနိုင်ပြီး ပြည်ပက ဝယ်ယူတဲ့သူတွေထက် ပြည်တွင်းက နိုင်ငံသားအချင်းချင်း အိမ်ရာလိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ချမ်းသာရွှေမြေဆောက်လုပ်ရေးကုမ္ပဏီရဲ့ တည်ထောင်သူ ဒေါ်အေးအေးလတ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်အရ လူတန်းစားမရွေး နေထိုင်တဲ့ အရည်အသွေးကောင်းပြီး စနစ်တကျရှိတဲ့ အိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့ လိုနေသေးတယ်လို့ လည်း ဒေါ်အေးအေးလတ်က သုံးသပ်ပါတယ်။

ချမ်းသာရွှေမြေဆောက်လုပ်ရေးကုမ္ပဏီအနေနဲ့ တကယ်အိမ်ရာလိုအပ်နေသူတွေ အဆင့်မြင့်အိမ်ရာမှာသင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ နေထိုင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဧရာချမ်းသာကွန်ဒိုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ရောင်းချပေးခဲ့ပါတယ်။

သာကေတမြို့နယ်အဆုံး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစမှာတည်ရှိတဲ့ ဧရာချမ်းသာကွန်ဒိုက အရင်က အစိုးရအိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ ဧရာဝဏ်ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်းက စတင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အစိုးရကနေ ဧရာဝဏ်ရတနာ အိမ်ရာစီမံကိန်းဆိုပြီး အထပ်မြင့်အဆောက်အအုံ ၄၉ လုံး ဆောက်လုပ်ဖို့ စီမံရာမှာ ချမ်းသာရွှေမြေကုမ္ပဏီက အဆောက်အအုံတစ်ခုအတွက် ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ အဆိုပါစီမံကိန်းကိုအစိုးရက တစ်ဦးတည်း ဆက်လက်လုပ်ကိုင်ဖို့ ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချမ်းသာရွှေမြေကုမ္ပဏီက အဆိုပါအိမ်ရာစီမံကိန်းကို အစိုးရနဲ့ ဆက်လက်ပြီး စပ်တူလုပ်ကိုင်ခဲ့ပါတယ်။

"တခြားကုမ္ပဏီတွေကလည်း လာမလုပ်ကြတော့ ဆက်လက်ဆောက်လုပ်ခွင့်ပြုဖို့ အစိုးရကို တင်ပြခဲ့တယ်။ အစိုးရကလည်း အကျိုးတူပူးပေါင်းလုပ်ဖို့ သဘောတူကမ်းလှမ်းခဲ့တဲ့အတွက် ဒီနေရာမှာ လုပ်ကိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်"လို့ ဒေါ်အေးအေးလတ်က ဆိုပါတယ်။

ဧရာချမ်းသာကွန်ဒိုကနေ အခန်းဝယ်ယူနေထိုင်မယ့်သူတွေအတွက် အခန်းတန်ဖိုးရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ပေးချေပြီးတာနဲ့တစ်ပြိုင်နက် အိမ်ခန်းမှာ နေထိုင်နိုင် မှာပဲ ဖြစ်ပါတယ်။ ကျန်ငွေတွေကိုတော့ လပေါင်း ၁၀ဝ ကနေ ၁၂၀ အထိ နှစ်ရှည်အိမ်ရာချေးငွေတွေကို ကုမ္ပဏီက စီစဉ်ပေးထားပါတယ်။ တစ်ခါတည်း ငွေအကျေချေပြီး ဝယ်ယူမယ့်သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ အခန်းတွင်း အလှဆင်ပေးတဲ့ ဝန်ဆောင်မှုကို အခန်းအလိုက် လုပ်ဆောင်ပေးနေပါတယ်။

အဆောက်အအုံရဲ့ဒီဇိုင်းကိုတော့ စင်ကာပူနိုင်ငံကSurbana Jurong ကုမ္ပဏီက ရေးဆွဲပေးထားတာဖြစ်ပြီး အခန်းတိုင်းမှာ ပြင်ပအလင်းရောင်နဲ့ လေကောင်းလေသန့်ဝင်နိုင်ဖို့ ဆောင်ရွက်ထားတဲ့အပြင် အိမ်ရှေ့ရော အိမ်နောက်မှာပါ ဝရန်တာတွေ ထည့်သွင်းဆောက်လုပ်ပေးထားတယ်လို့လည်း ဒေါ်အေးအေးလတ်က ဆိုပါတယ်။

ကွန်ဒိုမီနီယမ်ဖြစ်ပေမဲ့ သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ နေထိုင်မှုစနစ်ကောင်းမွန်တဲ့ အိမ်ရာစီမံကိန်း တစ်ခုမှာလူလတ်တန်းစားကစပြီး အလွှာစုံက လူတွေ ဝန်ထုပ်ဝန်ပိုးမရှိဘဲ သက်သောင့်သက်သာစွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အေးအေးလတ်က ပြောပါတယ်။

"စပြီးရောင်းတုန်းကဆိုရင် ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် ဝယ်သူတွေက စိတ်တောင်မဝင်စားဘူး။ ထပ်တောင်ပြောလို့မရတဲ့ အနေအထား၊ လုပ်ငန်းရှင်အချင်းချင်းတောင် ဖြစ်မယ်လို့ မယုံကြည်ကြဘူး"လို့ ဒေါ်အေးအေး လတ်က အိမ်ရာ စတင်ရောင်းချခဲ့စဉ်ကအကြောင်းကို ပြောပြပါတယ်။

လက်ရှိမှာတော့ ဆောက်လုပ်ပြီး စုစုပေါင်း အခန်းအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းအထက် ရောင်းချပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ အခန်းအကျယ်အဝန်းက တော့ စတုရန်းပေ ၆၀ဝ ကစပြီး မိသားစုအလိုက် လိုအပ်တဲ့ တခြားအခန်းကျယ်တွေလည်း ရှိပါတယ်။ ချက်ချင်းဝယ်ယူနေထိုင်လိုသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ အိမ်ခန်းတွင်း ပြင်ဆင်မှုတွေကိုပါ အိမ်ခန်းအလိုက် အထူးလက်ဆောင်အဖြစ် ပြင်ဆင်ပေးနေပါတယ်။

အရောင်းအပြင် အခန်းငှားနေမယ့်သူတွေ အဆင်ပြေအောင် အိမ်ရှင်တွေရဲ့အခန်းတွေကို တစ်ဆင့်ပြန်လည် ငှားရမ်းပေးနေပြီး ဈေးနှုန်းကတော့ ပြင်ဆင်ပေးထားတဲ့ အနေအထားပေါ် မူတည်ပြီး ငွေကျပ် လေးသိန်းကစပြီး ရှစ်သိန်းလောက်အထိ ရှိပါတယ်။

"အိမ်ရှင်တွေ အဆင်ပြေအောင် သူတို့အခန်းတွေကို ဦးစားပေးငှားပေးတယ်။ အခန်းတွေ အကုန်ဆောက်လုပ်ပြီးသွားရင်တော့ ကျန်တဲ့အခန်းတွေကိုလည်း ငှားပေး မှာပါ" လို့ ဒေါ်အေးအေးလတ်က ပြောပါတယ်။

ဧရာချမ်းသာကွန်ဒိုမှာ နေထိုင်မယ့်သူတွေအတွက် ဝန်ဆောင်မှုတွေကတော့ အဆောက်အအုံတစ်ခုစီမှာ ဓာတ်လှေကား သုံးစီးပါရှိပြီး ၁၈ ထပ်အမြင့်ရှိတဲ့အတွက် ရန်ကုန်မြစ်နဲ့ ရွှေတိဂုံဘုရားတို့ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် အားကစားလိုက်စားလိုသူတွေအတွက် ကလေး၊ လူကြီး ရေကူးကန်၊Gym နဲ့ ယောဂ အားကစားခန်းမတို့အပြင်Spa လည်း ပါရှိမှာဖြစ်ပါတယ်။ နေထိုင်သူတွေအတွက် နောက်ထပ်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ ကားပါကင်ကိုလည်း သီးသန့်ဆောက်လုပ်ပေးထားပြီး အိမ်ရှင်မတွေအနေနဲ့ အမှိုက်တွေကို နေ့စဉ် မိမိနေတဲ့ တိုက်ခန်းအလွှာကနေပဲ လွယ်ကူမြန်ဆန်စနစ်ကျစွာ စွန့်ပစ်နိုင်ဖို့အတွက် အမှိုက်ပစ်ပြွန်စနစ်တွေလည်း ပါရှိ မှာဖြစ်ပါတယ်။ 

 

Credit:   The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service