သန်လျင်မြို့ရဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့အတူ ဖော်ဆောင်ထားသော City Loft

သန်လျင်မြို့ရဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့အတူ ဖော်ဆောင်ထားသော City Loft - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 12:17 pm တွင် တင်ခဲ့သည်
3241 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့က လူလတ်တန်းစားဈေးကွက်အတွက် ရည်ရွယ်ပြီး သန်လျင်မြို့မှာဆောက်လုပ်မယ့် City Loft စီမံကိန်းက အိမ်ခန်းတွေကို Yoma Land ကုမ္ပဏီက တရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ဒီစီမံကိန်းကိုStar City အိမ်ရာဝင်းအတွင်းက မြေဧက၂၂ ဧကအကျယ်မှာ တည်ဆောက်မှာဖြစ်ပြီး City Loft@ StarCity ရဲ့ ပင်မစီမံချက်ကိုA1 ဆောက်လုပ်ရေးကုမ္ပဏီက စီမံကိန်းရဲ့ အဓိကဆောက်လုပ်သူအဖြစ်ပူးပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းပထမအပိုင်းမှာရှိတဲ့ စတူဒီယိုနဲ့ အိမ်ခန်း တွေရဲ့ ဈေးနှုန်းဟာ အကျယ်အဝန်းနဲ့ အခန်းအမျိုးအစား အပေါ်မူတည်ပြီး ငွေကျပ် သိန်း ၄၂၀ မှ ကျပ်သိန်း ၁၆၀ဝ အထိရှိမှာ ဖြစ်ပါတယ်။ ဝယ်ယူသူများအနေနဲ့ စရန်ငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ၂၅ နှစ်အတွင်းမှာ ပေးသွင်း နိုင်မှာဖြစ်တယ်လို့Yoma Land က သိရပါတယ်။

စရန်ငွေအားလုံးပေးချေပြီးတာနဲ့ အိမ်ခန်းဝယ်သူဟာ စတူဒီယိုအခန်းတစ်ခန်းကို တစ်လ ငွေကျပ် လေးသိန်း အရစ်ကျပေးသွင်းရင်း အခန်းပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။အိမ်ခန်းဝယ်ယူသူတွေအတွက် မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ စည်းမျဉ်းနဲ့အညီ ဘဏ်တိုးနှုန်းသတ်မှတ်ပြီး ပြည်တွင်းဘဏ်တွေနဲ့ သင့်လျော်တဲ့ အိမ်ရာချေးငွေ ချေးငှားပေးရန် အစီအစဉ်လည်း ပါဝင်ပါတယ်။

စီမံကိန်းအတွက် ဆောက်လုပ်မှုတွေကို အဆင့် အလိုက်ခွဲကာ တည်ဆောက်သွားမှာဖြစ်ပြီး ပထမအဆင့် မှာ အိမ်ခန်းဝယ်သူတွေကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်မှာ စတင်အပ်နှံသွားမှာဖြစ်ပါတယ်။

City Loft @ StarCity က မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် စတူဒီယိုအခန်းတွေ ထည့်သွင်းတည်ဆောက် ခြင်းဖြစ်တယ်လို့Yoma Land ၏ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် မစ္စတာ ဆတ်ခ်ျပန်းက ပြောပါတယ်။

ဒါ့ပြင် အိပ်ခန်းတစ်ခန်းကနေ သုံးခန်းအထိ ထည့်သွင်း ထားတဲ့ တိုက်ခန်းတွေလည်း စီမံကိန်းမှာ ပါဝင်ပါတယ်။ အဆိုပါအိမ်ရာစီမံကိန်းမှာ နေထိုင်သူတွေရရှိမယ့်ဝန်ဆောင်မှုတွေကတော့ စတူဒီယိုအခန်းတွေနဲ့ အိမ်ခန်း တွေအားလုံးအတွက် လုံခြုံရေးစနစ်အပြင် ရေကူးကန်၊ အားကစားရုံ၊ ပန်းခြံနဲ့ ဈေးဝယ်ပလာဇာတို့အပြင် ဝိုင်ဘီ အက်စ် ယာဉ်ရပ်နားစခန်းနဲ့ ရေကြောင်းသွားလာရေး အတွက် ဆိပ်ခံတံတားလည်း ပါရှိမှာဖြစ်ပါတယ်။

"သန်လျင်တံတားအသစ်ကနေ ဆင်းလာတဲ့အချိန်မှာ ပထမဆုံးထွက်ပေါက်က စတားစီးတီးပဲ ဖြစ်ပါတယ်။မကြာခင် ဆိပ်ခံတံတားကို စဆောက်မယ်။ စတားဖယ်ရီ တစ်ခုလုပ်သွားဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ စတားစီးတီးမှာနေတဲ့သူတွေ မြို့ထဲသွားရင် ၁၅ မိနစ်ပဲကြာပါတယ်။ City Loft အ အပါအဝင် စတားစီးတီးဟာ လူကြိုက်များတဲ့ စီမံကိန်းဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဦးသိမ်းဝေက ပြောပါတယ်။

ဒါ့ပြင် ဆိပ်ခံတံတားတည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ တည်ဆာက်မယ့်နေရာ၊ နည်းပညာပိုင်းစတာတွေကို ညှိနှိုင်းနေတယ်လို့လည်း ၎င်းကပြောပါတယ်။

"စတားစီးတီးကနေ ရန်ကုန်မြို့ထဲသွားဖို့ ပန်းလှိုင်မြစ် ကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို စတားဖယ်ရီပြေးဆွဲမယ်။ မကြာခင် စတင်တော့မှာဖြစ်ပြီး တစ်နှစ်လောက်ဆိုရင် ပြီးမှာပါ။ သင်္ဘောပြေးဆွဲတဲ့အခါ ၁၅ မိနစ်ကနေ မိနစ် ၂၀ မှာ တစ်စီးထွက်မယ်။ သင်္ဘောနှစ်စီးကနေ သုံးစီးက မရပ်ဘဲ တစ်နေ့လုံး သွားနေမှာပါ"လို့ ဦးသိမ်းဝေက ပြောပါတယ်။

ရန်ကုန်မြို့က အဆောက်အအုံတွေနဲ့ ပြည့်နေပြီဖြစ်ပြီးတော့ မြေဧရိယာတိုးချဲ့ဖို့ မဖြစ်မနေလိုအပ်လာတဲ့ အနေ အထားမှာရှိပါတယ်။ လက်ရှိ သန်လျင်မြို့မှာလမ်းတွေ ပြုပြင်တိုးချဲ့တာတွေအပြင် တခြား အခြေခံအဆောက် အအုံတိုးချဲ့တာတွေလည်း လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် သန်လျင်မြို့မှာ သီလဝါ စီးပွားရေးဆိပ်ကမ်းနဲ့ သီလဝါစက်မှုဇုန်ရှိတဲ့အပြင် သန်လျင်မြို့ရဲ့ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်လာစေမယ့် သန်လျင်တံတား တည်ဆောက်မှုကလည်း မကြာခင် စတင်တော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် သန်လျင်မြို့ဟာ ဖွံ့ဖြိုးမှုအတွက် အလားအလာအများကြီးရှိကြောင်းနဲ့ တံတားထပ်မံတည်ဆောက် ပြီးတဲ့နောက်မှာ သန်လျင်ရဲ့ တိုးတက်မှုဟာ ပြောင်းလဲသွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

လက်ရှိအချိန်မှာ ပဲခူးမြစ်ကူးတံတား၊ သန်လျင်တံတား အမှတ်(၃)အတွက် ဒီဇိုင်းရေးဆွဲနေပြီးတော့ အတည်ပြုဖို့ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ သန်လျင်တံတားအမှတ်(၁)ရဲ့ အောက်ဘက်အခြမ်း၊ ၁၂၅ မီတာ အကွာအဝေးမှာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်(၃)ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကို အတိုးနှုန်းသက်သာတဲ့ ဂျပန်ချေး ငွေ (ODA ချေးငွေ) နဲ့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ပင်မတံတား စုစုပေါင်းအရှည်က ၁၉၂၈ မီတာရှိတဲ့ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီးတော့ ရန်ကုန်ဘက်ခြမ်း၊ သာကေတမြို့နယ်နဲ့ သန်လျင်ဘက်ခြမ်း၊ သန်လျင်ကို ဆက်သွယ်ပေးမယ့်တံတားဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဒေသတွင်းနိုင်ငံများနဲ့ ဆက်စပ်ဆောင်ရွက်နိုင်မှုအပေါ် များစွာမူတည်နေကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကနေ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကတစ်ဆင့် အာဆီယံနိုင်ငံများကို တိုက်ရိုက်ကူးသန်းသွားလာနိုင်မှာဖြစ်တဲ့အတွက် သန်လျင်တံတားအမှတ်(၃)ဟာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အရေးပါမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service