ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်မြို့ သစ်စီမံကိန်းရဲ့ Master Plan ပထမအဆင့်မူကြမ်းကို New Yangon Development Company ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အပြီးသတ် ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့ ဆွေးနွေးပွဲမှာ ပထမအဆင့်မူုကြမ်းမှာပါဝင်တဲ့ အခြေခံအဆောက်အအုံပိုင်းတွေကို အကောင်အထည်ဖော်ဖို့  တင်ဒါခေါ်ယူမှုတွေစတင်လုပ်ဆောင်သွားဖို့  ဆွေးနွေးဆုံးဖြတ်မှု တွေလဲရရှိခဲ့ပါတယ်။
မြို့သစ်စီမံကိန်းအတွက်ရင်းနှီးမြှပ်နှံသူတွေ ကိုရှာဖွေမဲ့ အပိုင်းမှာတော့ အများပြည်သူ လမ်းပန်းဆက်သွယ်ရေး၊ မြို့ တော်သန့် ရှင်းရေးနဲ့  အမှိုက်သိမ်းစနစ် နဲ့  ဆက်သွယ်ရေးစနစ်တို့ ကို အဓိက ရင်းနှီးမြှပ်နှံ သူတွေကိုဖိတ်ခေါ်သွားမှာဖြစ်တယ်လို့  NYDC ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်း အစိုးရက မြေဧက ၂၀,၀၀၀ ပေါ်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com