ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်း ပြန်လည်စတင်ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်း ပြန်လည်စတင်ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 10:06 am တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

ယခင်အစိုးရ လက်ထက်တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းအ တွက် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်အတွက် ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်မြို့ ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြောကြားသည်။

ပုဏ္ဏားကျွန်း စီမံကိန်းကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ စက်တင်ဘာတွင် စီစဉ်ခဲ့ ခြင်းဖြစ်ပြီး အစိုးရသစ်အပြောင်း အလဲတွင် စီမံကိန်းရပ်ဆိုင်းပြီး နောက် ပြန်လည်စတင်ရန် စီစဉ် နေခြင်းဖြစ်သည်။

‘‘ပုဏ္ဏားကျွန်း စက်မှုဇုန်ရဲ့ လက်ရှိအနေအထားက ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ အနေ အထားရှိပါတယ်။ နိုင်ငံတော်အဆင့် Project Bank ထည့်ပြီး ဖိတ်ခေါ်ထားပါတယ်’’ဟု ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန် ကြီး ဦးကျော်အေးသိန်းက ပြော ကြားသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းအတွက် မြန်မာ့ကျောက်ဖြူ အထူးစီးပွား ရေးဇုန် ကုမ္ပဏီ (MKSH) နှင့် ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၅ စက်တင်ဘာ ၁၆ ရက်က နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

MKSH အများပိုင်ကုမ္ပဏီ၌ ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုဖြင့် ပါဝင်ဖွဲ့စည်း ထားသည်။

စက်မှုဇုန်ကို စက်ရုံလေးခုဖြင့် စတင်မည်ဖြစ်ပြီး ၎င်းတို့တွင်တယ်လီဖုန်း ဆက်စပ်ပစ္စည်းများ စက်ရုံ၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန် စက်ရုံ၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းစက်ရုံနှင့် ဆေးဝါးစက်ရုံတို့ပါဝင်သည်။

စတင်အကောင်အထည်ဖော်ရန် မြေဧက ၉၀၀ ကို အသုံးပြုခဲ့ပြီး စီမံကိန်း တစ်ခုလုံးအတွက် ဧက ၁,၈၀၀ အသုံးပြုမည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း အကောင်အထည်ပေါ်လာပါက ရခိုင်ပြည်နယ်၌ ကျောက် ဖြူ အထူးစီးပွားရေးဇုန်ပြီးလျှင် အကြီးဆုံး စက်မှုဇုန်စီမံကိန်းဖြစ်လာမည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service