မလေးရှားအစိုးရက လာမည့် (၁၀)နှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်မည်

မလေးရှားအစိုးရက လာမည့် (၁၀)နှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 11:50 am တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားအစိုးရသည် လာမည့် ၁၀ နှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ စီမံကိန်းမှာ ဖြစ်နိုင်ဖွယ်ရှိသော်လည်း အလွန်ခက်ခဲလှသည့်အလုပ်ဖြစ်ကြောင်း CBRE ၏ မလေးရှားကုမ္ပဏီခွဲဖြစ်သော CBRE | WTW မှ မန်နေးဂျင်း ဒါရိုက်တာ ဖူဂျီဂျန်က ပြောကြားသည်။

ဖူဂျီဂျန်က ထောက်ပြသည်မှာ မြေယာရှားပါးခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ အကန့်အသတ်များက အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း ထောက်ပြသည်။

“ပြည်နယ်များစွာမှာ မြေတွေရှိသေးပေမယ့် ဒီမှာ (ကွာလာလမ်ပူတည်ရှိရာ ကလန်ဗယ်လေကို ရည်ညွှန်း) တော့ ရှားနေပါပြီ။ ရည်မှန်းချက် အကောင်အထည်ပေါ်စေဖို့အတွက် ပြည်နယ်အစိုးရတွေအနေနဲ့ မြေနေရာတွေပေးမယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒီလိုမဟုတ်ရင်တော့ အစိုးရရဲ့ ရည်မှန်းချက်က အကောင်အထည်ပေါ်ဖို့ သိပ်ခက်ပါတယ်”ဟု ဖူဂျီဂျန်က ပြောကြားသည်။

မလေးရှားအစိုးရကမူ လာမည့် ၁၀ နှစ် (ရွေးကောက်ပွဲ သက်တမ်း ၂ ခု) အတွင်း တန်ဖိုးသင့်အိမ်ရာခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်သွားရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။

အထူးသဖြင့် ဝင်ငွေနည်းပါးသူများကို နေအိမ်ပိုင်ဆိုင်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

အဆိုပါရည်မှန်းချက် အကောင်အထည်ပေါ်ရေးအတွက် ယခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် လူနေအိမ်ခန်းပေါင်း ၁၀၀၀၀၀ ခန့် ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။

ဖူဂျီဂျန်ကမူ လက်ရှိအစိုးရအနေဖြင့် ရည်မှန်းထားသည့် ပမာဏကို လျှော့ချပစ်မည် မဟုတ်ဟု မျှော်လင့်ထားသည်။

ယခုကဲ့သို့ လမ်းကြောင်းမျိုးကို ယခင် BNI ညွန့်ပေါင်း အစိုးရလက်ထက်ကလည်း အကောင်အထည်ဖော်ခဲ့ဖူးပြီး ၅ နှစ်အတွင်း တန်ဖိုးသင့် လူနေအိမ်ခန်းပေါင်း တစ်သန်းဆောက်လုပ်မည်ဟု ကတိကဝတ်ပြုခဲ့ဖူးသော်လည်း ၂၀ ရာခိုင်နှုန်းအောက်သာ အပြီးသတ်နိုင်ခဲ့သည်။“အစိုးရသစ်အပေါ် ကျွန်တော် မျှော်လင့်ချက်ရှိပါတယ်။ အခုစီမံကိန်းကာလကလည်း ၁၀ နှစ်ဆိုတော့ ရည်မှန်းချက်က အထမြောက်ဖွယ်ရာ ရှိပါတယ်”ဟု ဖူဂျီဂျန်က ပြောကြားသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က နေအိမ်ပေါင်းတစ်သန်းဆောက်လုပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း နေအိမ်ခန်းပေါင်း ၁၃၉၃၃၈ သာအပြီးသတ်ခဲ့ပြီး နေအိမ်ခန်းပေါင်း ၃၁၁၂၈၁ မှာ ဆောက်လုပ်မှုဆဲအခြေအနေ အဆင့်အမျိုးမျိုးတွင်သာရှိပြီး ကျန်သည့် လူနေအခန်းများမှာ စီစဉ်ဆဲအခြေအနေဖြင့်သာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

တန်ဖိုးသင့် လူနေခန်းများ ဆောက်လုပ်ရေးရည်မှန်းချက်သို့ အစိုးရသစ်၏ ချဉ်းကပ်မှုမှာ ပုဂ္ဂိလကဏ္ဍဗဟိုပြု စနစ်ဖြင့် ဦးတည်ထားသော်လည်း အိမ်ခြံမြေ developer များစွာကမူ မြေဈေးများ မြင့်တက်လာနေခြင်းကြောင့် တန်ဖိုးသင့်အဖြစ် ဆောက်လုပ်ရန် အခက်တွေ့ကြောင်း ပြောကြားကြသည့်အချက်ကိုလည်း ဖူဂျီဂျန်က ထောက်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

Ponnami Estate
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service