စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်

စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 11:16 am တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd သည် စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဈေးဝယ်ရပ်ကွက်ဖြစ်သော Orchard လမ်းအနီး၊ စတီဗင်လမ်းပေါ်ရှိ ဟိုတယ်များကို စင်္ကာပူဒေါ်လာ သန်း ၉၅၀ (ကန်ဒေါ်လာ ၇၀၂ သန်း)ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Oxley Holdings Ltd က စင်္ကာပူစတော့အိတ်ချိန်းတွင် ထုတ်ပြန်ကြေညာထားသည်။

အမည်မဖော်သည့် ဝယ်လက်တစ်ဦးထံမှ စိတ်ဝင်စားကြောင်း ပေးပို့စာလက်ခံရရှိထားရာ စတီဗင်လမ်းပေါ်ရှိ နိုဗိုတယ် စင်္ကာပူဟိုတယ်နှင့် စတီဗင်လမ်းပေါ်တွင်ပင်ရှိသော မာကျူရီ စင်္ကာပူတို့ကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

စင်္ကာပူထုတ် ဘိဇနက်တိုင်းမ်တွင် ဖော်ပြချက်တစ်ရပ်အရမူ အလားအလာရှိသည့် ဝယ်လက်မှာ အင်ဒိုနီးရှားဘီလျံနာ ဒါတို ဆရီ တာဟာဖြစ်ပြီး အင်ဒိုနီးရှားမှ Mayapada Group တည်ထောင်သူဖြစ်သည်ဟု ဆိုသည်။

စင်္ကာပူတွင် ထိပ်တန်းကုမ္ပဏီဖြစ်သော Oxley Holdings Ltd သည် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများစွာ ဝယ်ယူခဲ့မှုကြောင့် ဘဏ္ဍာရေးကျပ်တည်းလာခြင်းကြောင့်လည်း ယခုကဲ့သို့ ဟိုတယ်ပြန်လည်ရောင်းထုတ် ရမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရောင်းချမည့်ဟိုတယ်များ တည်ရှိရာနေရာသည် စင်္ကာပူ၏ မြေဈေးအကြီးမားဆုံးနေရာတွင် တည်ရှိပြီး နိုဗိုတယ်ဟိုတယ်တွင် အခန်းပေါင်း ၂၅၄ ခန်းပါဝင်ကာ မာကျူရီဟိုတယ်တွင် အခန်းပေါင်း ၅၁၈ ခန်း ပါဝင်သည်။

အဆိုပါဟိုတယ်များကို ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၅၃ သန်းခန့်ရှိသည်။

Oxley က ၁၀၃ ခုနှစ်အငှားသက်တမ်းရှိ မြေနေရာကို ၂၀၁၃ ခုနှစ်တွင် စင်္ကာပူဒေါ်လာ ၃၁၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Oxley သည် စင်္ကာပူတွင် ယခုရောင်းချမည့်ဟိုတယ်များကိုသာ ပိုင်ဆိုင်ထားသော်လည်း ဆိုက်ပရပ်၊ ကွာလာလမ်ပူနှင့် ဖနွမ်းပင်တို့တွင်လည်း ဆောက်လုပ်ဆဲ ဟိုတယ်စီမံကိန်းများရှိနေသည်။

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Oxley သည် အရှေ့တောင်အာရှ ၄ နိုင်ငံအပြင် ဗြိတိန်နှင့် တရုတ်ပြည်တို့တွင်လည်း လူနေစီမံကိန်းများ ဆောက်လုပ်လျက်ရှိကြောင်း ကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service