မှတ်ပုံတင်ရန် နောက်ကျသည့် ကုမ္ပဏီများ ဒဏ်ကြေး ဆောင်ရမည်

မှတ်ပုံတင်ရန် နောက်ကျသည့် ကုမ္ပဏီများ ဒဏ်ကြေး ဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 10:39 am တွင် တင်ခဲ့သည်
1449 ကြိမ် ကြည့်ရှု့ပြီး

ယခုလ နောက်ဆုံးထား၍ ကုမ္ပဏီများ အားလုံး အွန်လိုင်း မှတ်ပုံတင်စနစ် (MYCO) နှင့် မှတ်ပုံတင်ရမည် ဖြစ်ကာ နောက် ကျသည့် ကုမ္ပဏီများအနေနှင့် ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန (DICA) ရုံးက သိရသည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“ကျနော်တို့က ကုမ္ပဏီဥပဒေ အရ ကန့်သတ်တဲ့ ရက်မှာ မှတ်ပုံမတင်ဘူး ဆိုရင် စာရင်းက ဖျက်သွားမှာ ဖြစ်တယ်။ အခုက အခမဲ့ မှတ်ပုံတင် ပေးတာ ဖြစ်တယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် ဒီကုမ္ပဏီက နောက်ကျပြီးတော့ ပြန်ပြီး မှတ်ပုံတင်ချင်တယ် ဆိုပြီး သတင်းပို့လာရင် သူ့ အခွင့်အရေး မဆုံးရှုံး အောင် ကျနော်တို့က ဒဏ်ကြေးဆောင်ပြီးမှ လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနရုံးတွင် ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အစည်းဝေး (၁/၂၀၁၉)နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုမ္ပဏီ ဥပဒေသစ် အရ မြန်မာ တနိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီ များ သည် DICA ရုံး၌ MYCO စနစ်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အတွင်း ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်သည်။

DICA ညွှန်ကြားရေးမှူး ဦးမျိုးမင်းက“ဒဏ်ကြေးကို ကျနော်တို့ အခု လတ်တလော စဉ်းစားထားတာတော့ မှတ်ပုံတင်ကြေး အတိုင်းပဲပေါ့။ ဥပမာ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်ရင်လည်း မှတ်ပုံတင်ကြေး ၂ သိန်း ၅ သောင်း ပေးရမယ်။ အများပိုင် ကုမ္ပဏီ ဖြစ်ရင် ကျပ် ၂၅ သိန်း ပေးရမယ်။ အဲဒါဆို ကျနော်တို့က စာရင်း ပြန်သွင်းပေးမယ်”ဟု ပြောသည်။

သတ်မှတ် ကာလ အတွင်း မှတ်ပုံတင်ခြင်း မရှိသည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့ ကုမ္ပဏီများကို စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် MYCO စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အသစ် ၉၃၀၀ ကျော်၊ ကုမ္ပဏီ အဟောင်းကို ပြန်လည် မှတ်ပုံ တင်ထားသည်မှာ ၄၅၇၀၀ ကျော် ရှိနေပြီး တရက်လျှင် ပျမ်းမျှ ကုမ္ပဏီ ၅၀၀ ခန့် မှတ်ပုံတင်လျက် ရှိကြောင်း DICA စာရင်း များ အရ သိရသည်။

မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီ အရေအတွက်မှာ ၁ သောင်းခွဲမှ ၂ သောင်း နီးပါး အထိ ရှိနေသေးကြောင်း ဦးမျိုးမင်း က ပြောပြသည်။

ပြည်တွင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက“ အွန်လိုင်းနဲ့ မှတ်ပုံတင်ရတာတော့ လွယ်ပါတယ်။ ဒါပေမယ့် တချို့ ကုမ္ပဏီတွေ ဒီစနစ်ကို အကျွမ်းတဝင် မရှိသေးတာတို့ စနစ်ထဲ ဝင်ရောက်ဖို့ ခက်ခဲတာတို့ အလုပ်မအားတာ တို့ကြောင့် လည်း မှတ်ပုံတင်ဖို့ ကြာနေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီ ဥပဒေ အဟောင်းဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ စုစုပေါင်း ၆ သောင်း ကျော် ရှိကြောင်း DICA က သိရသည်။

Credit:   irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service