ဟိုတယ်၊  မိုတယ်  ၁၄  လုံးခန့်  ထပ်မံဆောက်လုပ်ရန် မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်တင်ပြထား

ဟိုတယ်၊  မိုတယ်  ၁၄  လုံးခန့်  ထပ်မံဆောက်လုပ်ရန် မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်တင်ပြထား - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 10:02 am တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့်သထုံခရိုင်နှစ်ခုတွင် ဟိုတယ်၊ မိုတယ် ၁၄ လုံးခန့် ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်တင်ပြထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

၂၀၁၇ ခုနှစ်က မွန်ပြည်နယ်တွင် ဟိုတယ် ၃၂ လုံးသာရှိခဲ့သော်လည်း လက်ရှိတွင် ၃၆ လုံး အထိရှိလာခဲ့ပြီး လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရ ဟိုတယ်သုံးလုံးနှင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချက် တင်ထားသည့် ဟိုတယ်နှင့်မိုတယ် ၁၄ လုံးရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောဆိုသည်။

"၂၀၁၇ခုနှစ်က ဟိုတယ် ၃၂လုံး၊ တည်းခိုခန်း ၂၂ လုံး၊ စုစုပေါင်း ၅၄လုံးနဲ့ အခန်းပေါင်း ၁၇၆၄ ခန်းရှိတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဟိုတယ် ၃၆လုံး၊ တည်းခိုခန်း ၂၃လုံးနဲ့ အခန်းပေါင်း ၁၉၇၃ ခန်းရှိတယ်။ ဆောက်လုပ်ခွင့်လိုင်စင်ရဟိုတယ်နဲ့လိုင်စင်တင်ထားတဲ့ ဟိုတယ်တွေလည်း ရှိတယ်"ဟု ၎င်းကပြောဆိုသည်။

အနည်းငယ်ကျ

လက်ရှိတွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် ဧည့်သည်ဝင်ရောက်မှုများနေသော်လည်း ဟိုတယ်များလာသည့်အတွက် ဈေးကွက်တဖြည်းဖြည်းပြန့်လာပြီး ယခင်ထက် လုပ်ငန်းအနည်း ငယ်ကျဆင်းလာကြောင်း မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးမိုးကျော်က ပြောဆိုသည်။

"အခုက ပွင့်လင်းရာသီရောက်တော့ နည်းနည်းဧည့်သည်ရှိတယ်။ ၁၀ လပိုင်း၊ ၁၁ ပိုင်းနဲ့ ၁၂ လပိုင်းတုန်းက ဧည့်သည်တွေများပါတယ်။ ကလေးတွေစာမေးပွဲပြီးတဲ့အချိန် ဧည့်သည် နည်းနည်းများဦးမယ်။ သင်္ကြန်ကျော်သွားရင်တော့ ပြန်လျော့သွားမယ်။ ဟိုတယ်တွေ များလာ တော့ Market(ဈေးကွက်)ကတော့ ပြန့်သွားမှာပေါ့။ အရင်က လူငါးယောက်လာရင် ဟိုတယ် တစ်ခုတည်းရှိရင် ဒီဟိုတယ်မှာပဲတည်းမှာပေါ့။ အခုအခြေအနေကတော့ ဟိုတယ်များတော့ ခွဲပြီးတည်းရတော့ ဈေးကွက်တော့ ပြန့်လာတယ်။ ဈေးကွက်ကိုမျှပြီးတော့ ယူလိုက်ရတဲ့သဘော ဖြစ်သွားတာပေါ့။ လုပ်ငန်းကတော့ အရင်ကထက်စာရင် သိပ်မကောင်းတော့ဘူး။ ကျသွားတာ ပေါ့"ဟု ၎င်းကပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဟိုတယ် ၁၇၀၄ လုံး အခန်းပေါင်း ၆၈၁၆၇ ခန်းကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားပြီး မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၅၉ လုံးအထိရှိလာကြောင်း သိရသည်။

Credit:   The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service