ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံ၏နံပါတ်တစ် လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ၊ ၂၂ ၊ ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ” (ဒသမအကြိမ်မြောက်) ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြပွဲ (၃) ရက်အတွင်း ဆောက်လုပ်ရေး ကုမ္ပဏီ (၅ဝ) ကျော် မှ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး တိုက်ခန်း၊ ကွန်ဒိုနှင့် မြေကွက် များကို အထူးလျှော့ဈေးနှုန်းများ ၊ (၁) နှစ်မှ (၂၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ ( ၁၇ ) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁ သန်း) တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့သည်။
အဆိုပါအိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Official Banking Partner အဖြစ် KBZ Bank ၊ AYA Bank ၊ YOMA Bank နှင့် CB Bank တို့မှ ပါဝင်ပြသခဲ့ပြီး Main Sponsor အဖြစ် Emerald Bay နှင့် Golden City တို့မှလည်းကောင်း ၊ Diamond Sponsor အဖြစ် A+ ၊ MKT Construction ၊ River Front Garden ၊ Kanbae Towers ၊ Naing Group ၊ RIXS Group (Suzuki Car) ကုမ္ပဏီတို့မှလည်းကောင်း နှင့်Gold Sponsor အဖြစ် Moe Myint San Construction ၊ SMT Construction ၊ Yone Min Construction တို့မှလည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသခဲ့သည်။
“ iMyanmarHouse.com မှကြီးမှူးပြီး ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ (၁၀) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ အခုပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော်မှစတဲ့ တိုက်ခန်းတွေ ၊ ကျပ်သိန်း (၅ဝဝ) မှ ကျပ်သိန်း (၅ဝဝဝ) ကျော် ကွန်ဒိုပေါင်းများစွာနှင့် မြေကွက်တွေကို တစ်နေရာတည်း စုံလင်စွာပြသရောင်းချခဲ့သည့်အပြင် အိမ်ရာချေးငွေအတွက် KBZ Bank ၊ AYA Bank ၊ YOMA Bank နှင့် CB Bank များမှလည်း ပြပွဲတက်ရောက်သူများအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ပုသိမ် စတဲ့မြို့ မျာနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ အိမ်ခြံမြေများ ပါဝင်ပါတယ်။ အမျိုးအစားစုံလင်ပြီး အထူး Discount များ ၊ ဘဏ်ချေးငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။
ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၄) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့ကြေင်း သိရသည်။
ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ ဖုန်းများနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်း သိရသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)