ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နိုင်ငံပေါင်းဒါဇင်များစွာတွင် ပိုင်ဆိုင်မှုများစွာဖြင့် အာရှ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းစု ထူထောင်မည့် ဒေါ်လာ ၈.၁ ဘီ လျံ (စင်ကာပူဒေါ်လာ ၁၁ ဘီလျံ)တန်ဖိုးရှိ သဘောတူညီချက်အရ စင်ကာပူ၏ CapitalLand သည် အိမ်ခြံမြေဦးပိုင်ကုမ္ပဏီနှစ်ခုကို ဝယ်ယူရန် ဇန်နဝါရီ ၁၄ ရက်တွင် သဘောတူခဲ့သည်။
ထိုသဘောတူညီချက်အရ CapitalLand သည် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Temasek ကုမ္ပဏီခွဲတစ်ခုမှ လုပ်ငန်းခွဲနှစ်ခုကို ရရှိမည်ဖြစ်သည်။
သဘောတူညီချက်သာ အတည်ပြုချက်ရပါက CapitalLand သည် နိုင်ငံပေါင်း ၃၀ ကျော်တွင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ဟိုတယ်များ၊ ကူးသန်းရောင်းဝယ်ရေး၊ လက်လီလုပ်ငန်းနှင့် လူနေအိမ်ရာများအပါအဝင် စင်ကာပူဒေါ်လာ ၁၁၆ ဘီလျံကျော်ကို စီမံခန့်ခွဲရမည့် ပိုင်ဆိုင်မှုများရရှိ မည်ဖြစ်သည်။ ထိုသဘောတူညီချက်သည် ယခုနှစ် ပထမနှစ်ဝက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ CapitalLand ၏ အမှီအခိုကင်းသော ရှယ်ယာရှင်များ၏ အတည်ပြုချက်ကို မူတည်နေကြောင်း ထိုကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
CapitalLand သည် ကမ္ဘာတစ်ဝန်း၌ မြို့များ၊ စက်မှုဇုန်များ၊ ရုံးခန်းများ၊ ဟိုတယ်များနှင့် ဂိုဒေါင်များ တည်ဆောက်နေသော Temasek ၏ ကုမ္ပဏီခွဲ Ascendas Singbridge Group မှ အိမ်ခြံမြေလုပ်ငန်းခွဲများကို ဝယ်ယူမည်ဖြစ်သည်။
Credit: Eleven Media Group