နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ပယ်ဖျက်ရန်စီစဉ်

နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ပယ်ဖျက်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Jan 2019 10:56 am တွင် တင်ခဲ့သည်
1376 ကြိမ် ကြည့်ရှု့ပြီး

အစိုးရပိုင် ဘဏ်လေးခုတွင် ငွေအပ်နှံသူများ နိုင်ငံခြားငွေဒေါ်လာအပ်နှံရာတွင် ပေးဆောင်ရသော ဝန်ဆောင်ခ ၀ ဒသမ ၀၃ ရာခိုင်နှုန်းကို ပယ်ဖျက်ရန် အစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ဘဏ်တွေက အခုဆိုရင် မရူံးဘူး အမြဲတမ်းမြတ်နေတဲ့ ဘဏ်တွေပါပဲ။ ဒါပေမယ့် သူတို့ဘဏ်တွေကို ကျနော်တို့ နိုင်ငံခြားငွေ ဒေါ်လာ သွားသွင်းတဲ့ အခါမှာကျရင် သူတို့က ပွိုင့် ၀၃ ရာခိုင်နှုန်း ယူတယ်။ ကိုယ်ကလည်း ငွေသွင်းရသေးတယ်။ ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်။ ဒီဟာက သိပ်ပြီးတော့ ငွေအပ်တဲ့ သူတွေပေါ်မှာ မညှာမတာလုပ်ရာကျတယ်လို့ ယူဆပါတယ်။ ဒါကြောင့် လာအပ်တဲ့ ဒေါ်လာတွေပေါ်မှာ ဝန်ဆောင်ခ မယူဖို့ကို ကျနော်တို့ ဘဏ်တွေကို အဆိုပြုထားပါတယ်” ဟု ပြောသည်။

ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ ၁ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးက ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် က “ သာမာန်အားဖြင့်ကြည့်ရင်တော့ လည်းကောင်းပါတယ်။ ဘဏ်တွေမှာ နိုင်ငံခြားသုံးငွေ မြင့်လာအောင် ဆွဲဆောင်တဲ့ နည်းပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ စရိတ်စကတွေ မပေးရပဲနဲ့ လာအပ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ တခုတော့ရှိတယ်။ ဘဏ်က ဘယ်လိုစဉ်းစားမလည်း ဆိုတော့ free တော့ ပေးလေ့မရှိဘူး။ ဝန်ဆောင်ခတော့ များသောအားဖြင့်ကောက်ကျတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်ပဘဏ်များတွင် ထောက်ခံစာ၊ ဘဏ်ချေးငွေရယူခြင်း အစရှိသည် ကိစ္စမျိုး ဆောင်ရွက်လျှင် ဝန်ဆောင်ခ အနေဖြင့် ၁ ဒေါ်လာခန့်ပေးရကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စကိုဆောင်ရာတွင် အဓိက ကိုင်တွယ်လုပ်ဆောင်ရသော မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာနိုင်ငံ ခြားကုန်သွယ်ရေးဘဏ် (Foreign Trade Bank) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာ့ လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (MADB) တို့တွင် နိုင်ငံခြားငွေ လာရောက်အပ်နှံသော ငွေအပ်နှံသူများထံမှ ဝန်ဆောင်ခ မယူရန် အဆိုပြုထားပြီး ယင်းသို့လုပ်ဆောင်လျှင် ငွေအပ်နှံသူများနှင့် ဘဏ်ဆက်ဆံရေး ပို၍ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

“ဘဏ်ကိုသွင်းရင် ပုံစံတွေ ရောင်းတဲ့ ကိစ္စ ဒါတွေရောင်းပြီးတော့ ဟိုရံပုံငွေ၊ ဒီရံပုံငွေထားတဲ့အခါမှာ ကျနော်တို့ မလိုလားအပ်တဲ့ ပြဿနာ ဝင်လာမှာ ကြောက်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ ကိုင်တွယ်နေရတဲ့ အစိုးရ ဘဏ်လေးဘဏ်ကို နောင်ဆိုရင် စက္ကူကြေးတို့ ပုံစံကြေးတို့ မယူဘဲနဲ့ ဘဏ်က တကယ်ယူရမယ့် ဝန်ဆောင်ခတွေပဲ ယူဖို့ ဆိုပြီး ကျနော်တို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှု ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကိုလည်း အပြင်းအထန် ကြိုးစား ဆောင်ရွက်နေပြီး လာမည့်နှစ် (မကြာသော ကာလ)တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံတကာ ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်အောင်၊ ညီမျှသော ယဉ်ပြိုင်မှုဖြစ်အောင် အတွက်ရည်ရွယ်၍ အတိုင်းအတာ တခုအထိ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များဘက်မှလည်း ပြုပြင်ပြောင်းလဲမှုများကို လိုက်ရော လုပ်ဆောင်လာခြင်းများ ရှိကြောင်းသိရသည်။

Credit:   irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service