ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေးဇုန်တွင် မြေများရယူ ပြီး လုပ်ငန်း အကောင်အထည် ဖော် လုပ်ကိုင်မှု မရှိခြင်းကို ရန်ကုန်တိုင်းအစိုးရက ပြန်လည်ဆန်းစစ် နေကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။
ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေးဇုန်တွင် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းက နာမည် များဖြင့် ငါးဧက တစ်ယူနစ်စီ မြေ များယူထားပြီး လုပ်ငန်းဆောင် ရွက်ခြင်း မရှိကြောင်း ဇန်န၀ါရီ ၁၂ ရက်၌ ရန်ကုန်မြို့တွင် ပြုလုပ် သော ဒုတိယသမ္မတနှင့် စီးပွား ရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ၀န်ကြီးချုပ်က ပြောသည်။
စိုက်ပျိုး၊ မွေးမြူရေး ဇုန်အဆင့်မြှင့်တင်ရန် ဆောင်ရွက်ရာတွင် ‘‘မြေယူထားပြီး ဘာမှမလုပ် ဘူးဆိုတဲ့ သူတွေနဲ့လည်း ဆွေးနွေးရပါမယ်’’ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။ ထို့အပြင် ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေးဇုန်သို့ ကွင်းဆင်းစစ်ဆေးမည်ဟု ဆိုသည်။
‘‘တိုင်း ဒေသကြီးအစိုးရက တိုက်ရိုက်ကွပ်ကဲဖို့ ပြင်ဆင်နေပါတယ်’’ဟု ၀န်ကြီးချုပ်က ဆို သည်။
ယခင်က ညောင်နှစ်ပင် စိုက်ပျိုး၊မွေးမြူရေးဇုန်သည် ကိုယ်ထူကိုယ်ထ ပုံစံမျိုးဖြစ်နေခြင်းကို တိုင်းဒေသကြီးအစိုးရက စနစ်တကျကွပ်ကဲမည်ဟု ပြောသည်။ ထို့အပြင် စိုက်ပျိုး၊ မွေးမြူရေး ဇုန်ဖွံ့ဖြိုးရေးကဏ္ဍအလိုက် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်နိုင်ရန် စဉ်းစားထားကြောင်း ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသားညီလာခံ ကျင်းပခဲ့သောအဆောက်အအုံကို စိုက်ပျိုး၊ မွေးမြူရေးသင်တန်းခန်းမအဖြစ် ပြောင်းလဲပြီး စိုက်ပျိုး၊ မွေးမြူရေးဇုန်ကိုလည်း အဆင့်မြှင့်တင်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က စီစဉ်နေသည်။
အမျိုးသားညီလာခံပြုလုပ် ခဲ့သည့် ယင်းအဆောက်အအုံမြေ ဧရိယာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း ပြီးခဲ့သည့်နှစ် ဇွန်လ ၂၉ ရက်က ကျင်းပသော အမျိုးသား လွှတ်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက ပြောကြားသည်။
ဧက ၆၀၀ အကျယ်ရှိ မြေ ဧရိယာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ သည် စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ် ကြောင်း ဒုတိယ၀န်ကြီးက လွှတ် တော်သို့ ရှင်းပြသည်။
ထို့အပြင် စီမံကိန်း၏ ဖြစ်တန်စွမ်းအခြေအနေ အသေးစိတ်လေ့လာရေး ပြည်ထောင်စုအစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် ကိုရီးယားသမ္မတ နိုင်ငံအစိုးရက Land & Housing Corporation နှင့် စတင်ဆောင်ရွက်နိုင်ရန် စီမံထားကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။
အမျိုးသားညလာခံ ကျင်းပခဲ့သည် လှည်းကူးမြို့နယ် ညောင်နှစ်ပင်၌ အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံ ကိန်း (KMIC) တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်းများ ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံ EXIM Bank of Korea ထံမှ ကန် ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းချေးယူရန် စီစဉ်ခဲ့သည်။
Credit: 7Daydaily