ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်နေသူများနှင့် SME လုပ်ငန်းများကို မိရိုးဖလာနည်းများမှ ဖောက်ထွက်၍ တီထွင်ဆန်းသစ်သည့် ဈေးကွက်နည်းပညာများရရှိစေရန် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၃၅ ကျိုက်ဝိုင်းဘုရားလမ်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
ယင်း “MARKETING for Start Up Business” အလုပ်ရုံဆွေးနွေးပွဲကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် MARKETING for Start Up Business (MSUB) တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဈေးကွက်သုတေသနပြုလုပ်ပုံများ၊ B to B ချိတ်ဆက်ပုံများကို MESI Business Institute and Business Consultancy Service မှ ဦးထွန်းနိုင်လင်းက ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် Marketing Goal၊ Market Research၊ Sales Funnel၊ Non Traditional Marketing၊ 4 Key Principal၊ B2B & B2C၊ Technology Support နှင့် One Page Marketing Plan တို့ကိုလည်း ဆွေးနွေးပြောကြားမည်ဖြစ်သည်။
ဆွေးနွေးပွဲအတွက် စာရင်းသွင်းခ ကျပ်တစ်သောင်းကောက်ခံမည်ဖြစ်ပြီး ဆွေးနွေးပွဲပြီးဆုံးပါက လက်တွေ့လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် အစီအစဉ်တစ်ခုနှင့် လုပ်ငန်းအတွက်အကျိုးရှိစေမည့် အချိတ်အဆက်တစ်ခုကို ရရှိမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ဖုန်း ၀၁-၉၆၆၉၈၅၆၊ ၀၉-၉၆၉၈၂၉၈၄၂၊ ၀၉-၃၁၅၇၉၆၇၉၊ ၀၉-၄၄၈၀၁၆၇၀၁ တို့ထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
Credit: The Voice