ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံတွင် သံနှင့် သံမဏိကဏ္ဍ၌ စံသတ်မှတ်ချက် ဖြစ်ပေါ်လာပြီး ရေရှည်ဖွံ့ဖြိုးတိုး တက်ရေး မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်အသင်းနှစ်ခုကို ပေါင်းစည်းခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် ၌ သတင်းထုတ်ပြန်သည်။
‘‘ ပြည်တွင်း သံမဏိကဏ္ဍ စံချိန်စံညွှန်း စနစ်တကျနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ထိထိရောက် ရောက် ပိုမိုလုပ်ကိုင်သွားနိုင်ဖို့ ’’ ဟု မြန်မာနိုင်ငံ သံမဏိလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးစစ်တိုင်း အောင်က ပြောသည်။
ပေါင်းစည်းသည့် အသင်းနှစ်သင်းသည် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း (MAS)နှင့် မြန်မာနိုင်ငံသံနှင့် သံမဏိ လုပ်ငန်းများအသင်း (MISA)တို့ ဖြစ်သည်။
‘‘အာဆီယံအပါအဝင် အာရှ နိုင်ငံများနဲ့လည်း ပိုမိုဆက်ဆံရေး ကောင်းလာနိုင်မယ်လို့ မျှော်လင့် ပါတယ်’’ဟု သံနှင့်သံမဏိလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောသည်။
သံမဏိလုပ်ငန်းရှင်များအသင်းကို ၂၀၁၇ တွင် စတင်ဖွဲ့ စည်းပြီး သံနှင့် သံမဏိလုပ်ငန်း များအသင်းကို ၂၀၁၂ ၌ ဖွဲ့စည်း ခဲ့သည်။
သံနှင့် သံမဏိလုပ်ငန်းများ အသင်းသည် ပြည်ပမှတင်သွင်းသည့် သံနှင့် သံမဏိပစ္စည်းများ ကို စံချိန်စံညွှန်းသတ်မှတ်ထိန်း သိမ်းသည့်စနစ် ပေါ်ပေါက်လာ ရေး၊ သံနှင့် သံမဏိကုန်သွယ်မှု အချက်အလက်များကို စုစည်း၍ အစိုးရထံ အကြံပြုရေး စသည်တို့ပြုလုပ်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။
Credit: 7Daydaily