တတ်လည်း တတ်နိုင်ကြပါတယ်အိမ်ခြံမြေရောင်းသူတို့ရယ်

တတ်လည်း တတ်နိုင်ကြပါတယ်အိမ်ခြံမြေရောင်းသူတို့ရယ် - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 12:16 pm တွင် တင်ခဲ့သည်
2201 ကြိမ် ကြည့်ရှု့ပြီး

““ရွှေအကြောင်းဖယောင်းမှသိ လူအကြောင်းပေါင်းမှသိ”” ဆိုရိုးစကားက အိမ်ခြံမြေအရောင်းအ၀ယ် လောကသားများအတွက် ထားရစ်ခဲ့လေသလားတောင် ကျွန်ုပ်တွေးနေမိပါတယ်။ မနေ့က ပူပူနွေးနွေး အလုအယက် မြေကွက်တစ်ကွက် ၀ယ်လိုက်ရတာ့ အဖြစ်အပျက်ကတော့ တစ်သက်လုံးမေ့နိုင်မယ်မထင်ပါဘူး။

““အဖြစ်ကမနှစ်ကနဲ့မတူ”” ဆို ရလေးမလားဘဲ အပျိုချောတစ်ယေက် ကို လူပျိုနှစ်ယောက်က သူထက်ငါရ အောင် ပိုးပန်းကြသလိုပါပဲ။ ဒီအခြေအနေ ကို ရိပ်စားမိတဲ့ မိန်းမလှလေးက ဘယ်သူ ကများ သူ့ကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ပိုချစ်သလဲ သိချင်တာနဲ့ အချစ်မာယာ ကြော့ကွင်းနဲ့ အချစ်ဆုံးသူကို ရွေးယူလိုက် တဲ့ အချစ်ဇာတ်လမ်းတစ်ခုနဲ့ တူလိုက်တာ လို့ တင်စားပြောရရင် လွန်အံ့မထင်ပါ။

ဇာတ်ကားကောင်းကြည့်ရတော့မယ် ပွဲ ကြည့်ပရိသတ်ကျွန်တော်

နံနက်ပိုင်း ၉း၀၀ နာရီအချိန်ရုံး သွားဖို့ ရေမိုးချိုးပြီး ဖြီးလိမ်းပြင်ဆင်နေ ဆဲမှာ ကိုစိုးသူရဲ့ဖုန်းသံက လွင့်ပျံလာ ပါတယ်။ ဖုန်းကိုင်လိုက်တာနဲ့ ““အစ်ကို..ရုံးမသွားသေးဘူး မဟုတ် လား”” ““အခုပဲသွားတော့မလို့လေ”” ““ဒါဆိုခဏထိုင်ပါဦး၊ မြေကွက် တစ်ကွက် ၀ယ်စရာရှိတာ တိုင်ပင်ချင်လို့ပါ၊ အစ်ကို့ကိုလာခေါ်မယ် မြို့ထဲသွား ရင်း အစ်ကို့ရုံးကို လိုက်ပို့ပေးမယ်”” တဲ့ ကျွန်ုပ်လည်း ရုံးခန်းအထိ လိုက် ပို့ပေးမယ်ဆိုလို့ ၀မ်းသာအားရ သဘော တူလိုက်တယ်။ မကြာခင်မှာ ကိုစိုးသူနဲ့အတူ အဖော်နှစ်ယောက် ကားနဲ့ရောက်လာပါတယ်။ ကားပေါ်တက်လိုက်တာနဲ့ သူ့အဖော် တစ်ဦးဖြစ်တဲ့ မင်းချစ်သူ က - ““ပိုင်ရှင်နေတဲ့ ကမာရွတ်အိမ် ကိုသာ တိုက်ရိုက်မောင်းတော့ဗျာ”” ဟု ပြောလိုက်တာနဲ့ ကိုစိုးသူကလည်း သူရဲ့ ကားကလေးကို ကမာရွတ်မြို့နယ်ဘက် ကို ဦးတည်မောင်းပါတော့တယ်။ ကျွန်ုပ်ကတော့ ဇာတ်လမ်းစုံမသိရသေးတော့ သူတို့ရဲ့ အမူအယာတွေကိုကြည့်ပြီး ပွဲ ကြည့်ပရိသတ်လုပ်ကာ ဘေးကထိုင်ရင်း လိုက်ပါလာပါပါတယ်။

အလုအယက်ဝယ်ယူရမည့်မြေကွက် ဘယ်အချက်ပါလိမ့်

ဖုန်းကိုဖွင့်လိုက်ပြီး ““ဟယ်လို ညီမရေအဆင်ပြေတယ်မဟုတ်လား..၊ အစ်ကို တို့လာနေပြီနော်၊ လမ်းတစ်ဝက် ရောက်နေပြီ ခဏလေးထိန်းထားပေးပါဦး”” လို့ ပြောလိုက်တဲ့အခါ ““အော်...အစ်ကိုတို့ကလည်း အေးလိုက်တာ ၉း၃၀ နာရီအရောက်လာ ပါပြောထားရက်နဲ့ အခု (၁၀) နာရီထိုးတော့ မယ်။ တစ်ဖက်က၀ယ်မယ့်သူက အခု သိန်းတစ်ရာတိုးပေးနေပြီနော်၊ အစ်ကိုတို့ (၁၀) နာရီထိုးလို့မှ ရောက်မလာဘူးဆိုရင် ကျွန်မရဲ့ အစ်မကြီးကရောင်းလိုက်တော့ မှာနော်”” လို့ပြောတော့ - ““မလုပ်ပါနဲ့ ညီမရယ် ကျွန်တော်တို့လည်း လာနေပါတယ်။ အခုပါရမီလမ်း ဆုံရောက်နေပါပြီ။ ညီမရဲ့အစ်မကြီးကို လည်းပြောထားပေးပါဦး”” ဟု တောင်းပန် လိုက်သဖြင့် ဖုန်းအသုံး ခေတ္တတိတ်သွား ပါတယ်။

ဒီတော့မှ ကျွန်ုပ်လည်း ကမန်းကတန်းနဲ့ မြေကွက်အကြောင်းကို ကိုစိုးသူ ကို မေးကြည့်ရပါတယ်။ ““ဒီလိုအစ်ကိုရေ၊ မြေကွက်အ ကျယ်က (၄၀x၆၀) လူစည်ကားရပ်ကွက် အတွင်း ဈေးထိပ်ကထောင့်ကွက်မြေကွက် ပါ အဆောက်အအုံကတော့မကောင်းလို့ မက်လောက်စရာမရှိပါဘူး။ ၀ယ်ပြီးရင်လည်း ဖျက်ပြီး ဈေးဆိုင်ခန်းတွေ အတွဲလိုက် ဆောက်ပြီး ပြန်ငှားစားဖို့ရည်ရွယ်ပြီးဝယ် မှာပါ””။

အပြိုင်အဆိုင်ဝယ်ရမယ့် အခြေအနေဟာ ပိုင်ရှင်ကဈေးကိုင်မှာသေချာ ““အဲဒါအစ်ကိုရေ၊ ဖြစ်ချင်တော့ အဲဒီမြေကွက်ကို ပိုင်ရှင်ကတခြားလူကို ရောင်းလိုက်တာ မသိလိုက်ဘူး။ စရန်ငွေ သိန်း ၅၀ ယူထားပြီး ၀ယ်သူတွေက ဒီနေ့ ၁၀း၀၀ နာရီအပြီးငွေချေဖို့လာနေ ပြီလို့ ပိုင်ရှင်ရဲ့ညီမက အခုဖုန်းဆက်နေ တာ။ ကျွန်တော်လည်း မနေ့ကမှ မင်းချစ် သူက လာပြောလို့ သိလိုက်ရတာ။ အဲဒီ မြေကွက်ကို ကျွန်တော်က ၀ယ်ချင်နေတာ ကြာပြီ အိမ်ခြံမြေတွေ ဈေးကောင်းတုန်းက ထဲက ကျွန်တော့ကိုရောင်းပေးပါလို့ ပြောခဲ့သေးတယ်။ အဲဒီတုန်းကတော့ ဘယ်လောက် ပေးပေးမရောင်းဘူးလို့ ပိုင်ရှင်ကငြင်းနေခဲ့တယ်။ အခု (၅)နှစ်လောက် ကြာမှ သိန်း ၁၀၀၀ နဲ့ ရောင်းသွားတော့ ကျွန်တော်လည်း အခုလို့အကျိုးဆောင် မင်းချစ်သူကို အကူအညီတောင်းပြီး ပြန်ရောင်းပေးဖို့ ပြောခိုင်းနေရာတာ””။

လက်လွှတ်လိုက်ရမယ့်အရေး ရင်လေးမိတာက တစ်မျိုး၊ ထပ်တိုးအပူကပိုဆိုးတာ ““ကိုစိုးသူအနေနဲ့ ဘာဖြစ်လို့ အဲဒီလောက် အသည်းအသန်လိုချင် နေရတာလဲ” ““အစ်ကိုက အဲဒီမြေကွက်က ဘယ်နေရာက မြေကွက်ထင်လို့လဲ”” ““အဲ့ဒါတော့ မသိဘူးလေ”” ““ကျွန်တော့်ခြေရင်းက ပိတ်ထားတဲ့ခြံကွက်လေ”” ““ဟေ ..ဟုတ်လား”” အဲဒီတော့မှ ကျွန်တော်လည်း သူတို့လိုပဲ စိတ်လှုပ်ရှားလာပါတယ်။ ““၀ယ်မယ့်သူက ဘယ်က လာ ၀ယ်တာလဲ”” ““မော်လမြိုင်မြို့ကလာဝယ်တာတဲ့၊ သူတို့လည်း ကုန်စုံဆိုင်ဖွင့်ဖို့လို့ ပြောတာဘဲ။ ဒီလိုဆိုရင် မဖြစ်ဘူးလေ။ ကျွန်တော်လည်း ကုန်ဆုံဆိုင်ကြီးဖွင့်ထား တာလေ။ နောက်ပိုင်း အတိုက်အခံတွေ ဖြစ်ပြီး အိမ်နီးနားချင်းတွေ မထည့်ကြရင် ရန်သူတွေဖြစ်သွားနိုင်တယ်၊ ဒီတော့ မီးမလောင်ခင်တားတာ အကောင်းဆုံးပဲ မဟုတ်လားအစ်ကို”” ““ဟုတ်တာပေါ့”” ““ဒီထက်စိတ်မချမ်းမသာ ဖြစ်စရာကောင်းတာက အခုဝယ်မယ့်သူတွေ က လူမျိုးခြားတွေလို့ပြောတယ်”” ““ဟုတ်လား . . အဲ့ဒါမှဒုက္ခ ပဲကွာ မင်းရဲ့ကလေးတွေကြီးလာတဲ့ အချိန်မှာ အိမ်နီးနားချင်းတွေမတည့်ကြ ရင် ရေရှည်မှာမကောင်းဘူးပေါ့ကွာ”” ““ဒါက ကျွန်တော်ဘက်က ကြိုတင်ပြင်ဆင်ထားတဲ့ စီမံကိန်းပါ၊ ဒါပေမယ့် ရောင်းသူဘက်က အဲဒီအချက်တွေ မကြည့်ဘူး၊ ၀ယ်ယူနှစ်ဦးပြိုင်ဘက်ဖြစ်လာတဲ့အခါ အများဆုံးပေးနိုင်တဲ့သူကို ရောင်းမယ့်ပုံပါပဲ။ အဲဒါကြောင့်ထင်ပါရဲ့ ပထမစရန်ပေးထားသူကိုလည်း စရန် (၂) ဆပြန်လျော်မယ်လို့ အပြတ်မပြောသေးဘဲ နောက်ထပ်ဘယ်လောက်တိုး ပေးနိုင်မလဲလို့ မေးလိုက်တယ်””။

မျက်ဖြူဆိုက်နေ ဆရာကြိုက်လေ၊ ၀ယ်သူ နှစ်ဦး လွန်ဆွဲနေ

ပထမ၀ယ်မယ့်သူကလည်း မော်လမြိုင်ဈေးအနီးမှာ ကုန်စုံဆိုင်ဖွင့် လာသူဆိုတော့ ဒီလိုဈေးထိပ်နေရာမှာ ၀ယ်ပြီး ကုန်စုံဆိုင်ဖွင့်လိုက်ရင် ကြီးပွား ချမ်းသာမှာကို ကြိုမြင်ထားတယ်လေ။ ကိုစိုးသူက သိန်းတစ်ရာပိုပေးထားတာထက် နောက်ထပ် သိန်း ၅၀ တိုးပြီး စုစု ပေါင်းသိန်း ၁၅၀ တိုးပေးမယ်လို့ပြောလာပါတယ်။ ဒီအချိန်မျိုးမှာ အပျော်ဆုံးသူ တွေကတော့ ရောင်းသူပါပဲ။ အခုလိုအချိန် မှာ သိန်းတစ်ထောင်တောင် လူတိုင်းမပေး ချင်တဲ့မြေကွက်ကို ပထမ၀ယ်သူက သိန်း ၁၁၀၀ ပေးဝယ်တယ်။ ဟော ...တစ်ဖက်ကပြိုင် ဘက် ကိုစိုးသူတို့ပေါ်လာလို့ သိန်း ၁၁၅၀ အထိတောင် တိုးပေးလာတယ်ဆိုတော့ ရောင်းမယ့်သူလောက်ပျော်တဲ့လူလောက မှာ ဘယ်သူရှိပါဦးမလဲ။ အချိန်တိုအတွင်း မှာ သိန်း ၁၅၀ လောက် အလကားလိုပိုရတာလေ။ ပိုပျော်တာပေါ့။ ဒါပေမဲ့ လူ ဆိုတာ လောဘသားမဟုတ်လား။ “ရလေ လိုလေ အိုတစ္ဆေ” စိတ်မျိုးရှိတာကြောင့် ပထမ၀ယ်သူကို ခဏလေးစောင့်ပါဦး အဖေနဲ့အမေကို တိုင်ပင်လိုက်ပါဦးမယ် ဆိုပြီး လက်ဖက်ရည်ဆိုင်ထိုင်ခိုင်းထား လိုက်တယ်။ တစ်ဖက်လှည့်ပြီး ရောင်းသူရဲ့ ညီမဖြစ်သူက ကျွန်တော်တို့ရဲ့ ပွဲစားကြီး မင်းချစ်သူကို ဖုန်းခေါ်လိုက်ပြန်ပါတယ်။

““ဘယ်နှယ်လဲ ကိုမင်းချစ်သူ အခု ၁၀နာရီထိုးတဲ့အထိ ကျွန်မတို့ဘက် က သစ်္စာရှိရှိစောင့်ပေးတယ်နော်။ ရှင်တို့ ကခုထိရောက်မလာသေးတော့ ပထမ ၀ယ်သူတွေက နောက်ထပ်သိန်း နှစ်ရာ ပိုပေးလို့ ကျွန်မတို့က ရောင်းလိုက်ဖို့ သဘောတူလိုက်ပြီ””လို့ ပရိယာယ်နဲ့ ပြော လာပါတယ်။ အဲဒီအမျိုးသမီးအသံကြားလိုက်တာနဲ့ မင်းချစ်သူ ဘေးကထိုင်နေတဲ့ ကိုစိုးသူလည်း မနေနိုင်မထိုင်နိုင်ဖြစ်ကာ မလိုသူတွေရဲ့လက်ထဲ ရောက်သွားတော့ မယ့်အရေးတွေးမိပြီး ချက်ခြင်းပဲ ...

““သူတို့ထက် သိန်း ၅၀ ထပ်တိုး ပေးမယ်ဗျာ အဲဒီထက်ပိုတောင်းရင်တော့ မ၀ယ်တော့ဘူး””လို့ ဆုံးဖြတ်လိုက်ပြီလို့ ယတိ ပြတ်ပြောလိုက်ပါတယ်။

ကြော့ကွင်းအတွင်း သတ်ဆင်းမိသူ

အဲဒီနောက်ဆုံးစကားလည်း ကြားလိုက်ရော ရောင်းသူဘက်က ငါတို့ ထောင်ဖမ်းတဲ့ကြော့ကွင်းထဲမှာ တည့်တည့်ကြီး ၀င်လာပြီဆိုတဲ့ အောင်နိုင်သူတို့ ရဲ့ အပြုံးနဲ့ ပြုံးပျော်နေကြပါတယ်။ ဒါပေ မယ့်လည်း ဇွဲမလျော့သေးပါဘူး။ ဟန် ကိုယ့်ဖို့ ဟန်သူဖို့ဆိုတဲ့အတွေးနဲ့

““နောက်ထပ်သိန်း ၅၀ လောက် များ ထပ်တိုးမပေးနိုင်တော့ဘူးလား သိန်း ၁၃၀၀ အထိပေးလိုက်ပါလို့”” မေးလာ သေးတယ်။ ဒီတော့ ကိုစိုးသူလည်း စိတ် မရှည်တော့တာနဲ့ ““မတိုးတော့ဘူးဗျာ မရောင်းနိုင်လည်း ကားပြန်လှည့်တော့ မယ်ဗျာ”” လို့ ယတိပြတ်ပြောလိုပ်တော့မှ ရောင်းသူနဲ့ဝယ်ယူကြား ပွဲစားလုပ်တဲ့ ညီမက ““ပြန်တော့မပြန်ပါနဲ့ သိန်း ၁၂၅၀ နဲ့ပဲ ရောင်းပါတော့မယ်၊ လာခဲ့ပါ”” လို့ သဘောတူတော့တယ်။

ကျွန်ုပ်လည်း မဆီမဆိုင်အမျိုး သမီးများဟာ အမျိုးသားများထက် လောဘ ကြီးပြီး ငွေမက်ပါလားလို့ ကောက်ချက်ချ မိနေပါတယ်။ ဘယ်သူတွေ ဘယ်လိုဖြစ်ပါစေ၊ ဘယ်သူတွေဘယ်လိုထောပါစေ ရောင်းသူညီအစ်မကတော့ စရန် ၂ဆ သိန်း ၁၀၀ ပြန်လျော်လိုက်ရင်တောင် သိန်း ၁၅၀ လောက်ပိုရသွားတာပေါ့။ အံ့သြ လောက်ပါတယ် ရောင်းသူတို့ရယ် တတ် လည်း တတ်နိုင်ကြပါတယ်။

သုခိအတ္တာနံ ပရိဟရန္တုံ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service