အဆောင်လိုနေထိုင်မှုတွေကြောင့် တိုက်ခန်းအငှားသွက်လာ

အဆောင်လိုနေထိုင်မှုတွေကြောင့် တိုက်ခန်းအငှားသွက်လာ - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 11:11 am တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ အဆောင်အဖြစ်နေထိုင်မှုတွေကြောင့် တိုက်ခန်းငှားရမ်းမှုတွေ သွက်လာတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

သည်လိုငှားရမ်းနေထိုင်မှုတွေက အရင်ကတည်းက ရှိခဲ့တာ ဖြစ်ပေမဲ့ ၂၀၁၈ ခုနှစ် ဝါထွက်ကာလကစတင်ကာ တဖြည်းဖြည်း အငှားသွက်လာခဲ့တာဖြစ်ပါတယ်။

မြို့တွင်းခြောက်မြို့နယ်ရဲ့ လူနေထိုင်မှုပုံစံမှာ အဆောင်နေသူ တွေပိုများလာပြီး အငှားဖြစ်လာတယ်။ သူငယ်ချင်းစုပြီး အငှားတွေ၊ ဆိုင်ခန်းအငှားတွေနဲ့သာရှိနေပြီးတော့ အရောင်းအဝယ်ပိုင်းမှာ မရှိသလောက်ဖြစ်နေခဲ့ပါ တယ်။

' နယ်ကလာတဲ့ သူတွေဆိုလူစုပြီး တိုက်ခန်းငှားကြတယ်၊သင်တန်းလာတက်တဲ့သူတွေ၊ နိုင်ငံခြားသားတွေ အငှားပိုဖြစ်လာတာကို တွေ့ရပါတယ်၊ တိုက်ခန်းအဆောင်စုငှားသူတွေဆိုရင် အထပ်မြင့်ငါးလွှာ၊ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာအထိငှားကြပြီး ဆိုင်ခန်းအငှားတွေဆိုရင် မြေညီထပ်တွေ၊ ပထမထပ်တွေအငှား ပိုကြိုက်ကြ ပါတယ် ' လို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန် နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောပါတယ်။

အငှားအဖြစ်ဆုံး အခန်းတွေ ကတော့ နေထိုင်သူတွေက (၁၂ ပေခွဲ x ပေ၅၀) တွေ အငှားပိုဖြစ်ပြီး ဆိုင်ခန်းတွေကတော့ (၂၂ပေ x ပေ ၅၀) တွေ အငှားပိုဖြစ်တာကို တွေ့ရပါတယ်။ နေရာပေါ်မူတည်ပြီး အခန်းဈေးနှုန်းတွေက တစ်သိန်းခွဲကနေ သုံးသိန်း၊ ငါးသိန်း ကနေ ၁၀သိန်းအထိရှိပါတယ်။ လူနေထိုင်မှုစိတ်ဝင်စားမှုဈေးနှုန်း တွေမှာ တစ်သိန်းခွဲကစတဲ့ တိုက်ခန်းတွေပိုငှားကြပြီး ဆိုင်ခန်းဈေးတွေမှာဆိုရင် ငါးသိန်းကစပြီး အငှားတွေရှိနေတယ်လို့ သိရပါတယ်။

'အလုပ်အကိုင်အများစုက မြို့ထဲမှာပိုပြီးရှိနေတာရယ်၊ သွားလာရလွယ်ကူတာရယ်၊ သင်တန်းတွေဆိုရင်လဲ ပိုများတာကြောင့် မြို့တွင်း ကို ပိုပြီးငှားလာကြတယ်၊ တချို့ဆိုရင် တိုက်တစ်တိုက်လုံး ငှားပြီး အဆောင်ဖွင့်လာ ကြတယ်' လို့ ပုဇွန်တောင်အိမ်ခြံမြေ အကျိုး ဆောင်ဒေါ်ပြည့်က ပြောပါတယ်။

ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ပန်းဘဲတန်းမြို့နယ်အပြင် လူဦးရေထူထပ်တဲ့ စမ်းချောင်း၊ ဗဟန်းမြို့နယ်တွေမှာဆိုရင်လည်း အငှားပိုဖြစ်လာတာကို တွေ့ရပါ တယ်။

'မြို့တွင်းမှာက project အသစ်တွေ သိပ်မရှိဘူး၊ ဒါကြောင့် အရောင်းအဝယ်ထက် အငှားက ပို ဖြစ် လာတယ်၊ ပြီးတော့ မြို့တွင်း က ဈေးများတော့ မြို့ထဲမှာ အလုပ် လုပ်ကိုင်သူတွေ ဝန်ထမ်းတွေသာ အငှားဖြစ်ကြပြီး ကိုယ်ပိုင် ပိုင်ဆိုင်သူတချို့တွေသာ နေထိုင်ကြပါတယ ' လို့ ဦးနေမင်းသူက ပြောပါတယ်။

မြို့တွင်း downtown ခြောက် မြို့ နယ်ရဲ့လူနေထိုင်မှုပုံစံမှာ တစ်စ တစ်စပြောင်းလဲလာပြီး တော့ လက်ရှိမှာဆိုရင် အဆောင် နေသူတွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။

အဆောင်အငှားတွေဆိုရင် နေရာအပြောင်းအလဲပေါ်မူတည် ပြီး တစ်ခန်းကို အခန်းဈေးနှုန်းမှာ ကျပ်၃၀,ဝဝဝ ကစပြီး ကျပ်၅၀,ဝဝဝ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းက လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြို့စွန်နေထိုင်သူဝန်ထမ်းတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် လုပ်ငန်းခွင်နဲ့ နီးစပ်ရာမှာ ငှားရမ်းနေထိုင်သူတွေလည်းသည်နှစ်တွေထဲမှာ များလာပါတယ်။ ယခင်ကတော့ ရန်ကုန်မြို့က အငှားဈေးကွက်က အိမ်ရာပိုင်ဆိုင်မှုမရှိသူနဲ့ နယ်မြို့ တွေက လာရောက်အလုပ်လုပ်ကိုင်ကြသူတွေသာရှိပေမဲ့သည် နှစ်တွေမှာ ပြောင်းလဲလာတာဖြစ်ပါတယ်။

Credit:   The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service