ပုဇွန်တောင် ပြည်တော်သစ်အိမ်ရာ ၂၀၂၂ ခုနှစ် အပြီးတည်ဆောက်ဖို့ စီစဉ်ထား

ပုဇွန်တောင် ပြည်တော်သစ်အိမ်ရာ ၂၀၂၂ ခုနှစ် အပြီးတည်ဆောက်ဖို့ စီစဉ်ထား - Property News in Myanmar from iMyanmarHouse.com
8 Jan 2019 10:42 am တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ကျပ်ဘီလျံ ၁ဝဝဝ ရင်းနှီးမြှုပ်နှံမယ့် ပြည်တော်သစ် အိမ်ရာစီမံကိန်းကို ၂၀၂၂ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထား တယ်လို့ Yangon Metropolitan Development က သိရပါတယ်။

စီမံကိန်းဟာ ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းမကြီးမှာ တည်ရှိပြီး မြေ ၄့  ၃၄၈ ဧက အကျယ်အဝန်းမှာ ကနဦးအ နေနဲ့ ၁၂ ထပ်ခွဲ တိုက်အဆောက်အအုံ တစ်လုံးကို စတင်ဆောက်လုပ်မှာ ဖြစ်ပါတယ်။ လူနေအိမ်အဆောက်အအုံတွေအပြင် နောက်ထပ်ရုံးခန်းတွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ကားပါကင်အဆောက်အအုံတွေကို ဆက်ပြီးတည်ဆောက်သွားမှာဖြစ်ကြောင်း မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။

အဆောက်အအုံတည်ဆောက် ရေးတင်ဒါကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ တင်ဒါခေါ်ယူခဲ့ ပြီး MKT Constr uction က တင်ဒါ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ရှစ်ခန်းတွဲ ၁၂ ထပ် အဆောက်အအုံကို ကနဦးတည်ဆောက်မှာဖြစ်ပြီး အခန်းပေါင်း ၁၇၈ ခန်းအတွက် အသုံးပြုနိုင်ဖို့ ကားစီးရေ ၃၇၈ စီးရပ်နားနိုင်မယ့် ခြောက်ထပ်အဆောက်အအုံတစ်လုံး၊ ဓာတ်လှေကားလေးစင်း ပါဝင်မှာ ဖြစ်ပါတယ်။ နေထိုင်သူတွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှာ အပြီးသတ်နေရာချထားပေးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

စီမံကိန်းကို မြေလေးဧက ကျော်မှာ တစ်နှစ်ငါးလနဲ့ အပြီးသတ်တည်ဆောက်သွားမှာပါ။ ဗိသုကာကလည်း ပြင်သစ်ပညာရှင်ဖြစ်ပြီး နည်းပညာ မြင့်ပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက ကားပါကင် ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကားပါကင်တွေပါ ပါဝင်မှာပါ လို့ တင်ဒါ အောင်မြင်တဲ့ MKT ဆောက်လုပ်ရေးကုမ္ဗဏီလီမိတက်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါ တယ်။

'အစိုးရသက်တမ်းမှာ ကျွန်တော်တို့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မယ်ဆိုရင် နှစ်နှစ်ခွဲသက်တမ်းရောက်မှ လက်တွေ့ မြေပြင်ကိုစတင်နိုင်တဲ့အခြေ အနေဖြစ်ပါတယ်၊ ဒီနေရာဟာဆို ရင် မြစ်ထိပ်လို့ နေရာတစ်ခုလဲ ဖြစ်ပါတယ်၊ အိမ်ရာစီမံကိန်းဟာ မြစ်သုံးမြစ်ရဲ့ထိပ်မှာ ရှိပါတယ်၊ ဒါကြောင့် အဆောက်အအုံပေါ်ကနေ ရန်ကုန်မြစ်ကို ကြည့်နိုင်မယ်၊ အဆောက်အအုံပေါ်ထွက်လာခဲ့ရင် ပြည်သူတွေကို စိတ်ချမ်းသာမှုပေးချင်တယ်၊ သူတို့ရဲ့ လူမှုဘဝကို မြှင့်တင်ပေးခြင်းဟာ နိုင်ငံတိုးတက်မှုကို ပြောင်းလဲပေးခြင်းဖြစ်တယ်' လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

Yangon Metropolitan Development Public ကုမ္ဗဏီအနေနဲ့ ရန်ကုန်မြို့ရဲ့ အိမ်ရာစီမံကိန်းတွေ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် အားစိုက်ခဲ့ပြီး အဲသည်အပေါ်မှာ အဲသည်အပေါ်မှာအမြင် အမျိုးမျိုးရှိခဲ့တယ်။ YMDP ကုမ္ဗဏီဟာ အစိုးရရဲ့စီမံကိန်းအကုန်လုံးကို ကိုင်တွယ်တော့မှာလားဆိုတဲ့ အမြင်တွေ့လည်းရှိခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်ပြီးပြောကြားခဲ့ပါတယ်။

စီမံကိန်းအတွက် Master Plan & Concept Desing ရေးဆွဲရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် က ဗိသုကာယှဉ်ပြိုင်မှုတင်ဒါခေါ်ယူခဲ့ပါတယ်။ တိုက်အမှတ် (၁) ကို ၂၀၁၈ ခုနှစ်ဇွန်လမှာ စတင်ဖျက်သိမ်းခဲ့ပြီး မူလနေထိုင်သူတွေ ပြန်လည်နေရာချထားပေးမှာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service